
နှိုင်းယှဉ်မြင့်မိုရ်ကတော့ အနုပညာလောကမှာ ဇာတ်ပို့သရုပ်ဆောင်အနေနဲ့ အောင်မြင်နေတဲ့မင်းသမီးလေးတစ်ယောက်ပါနော်။ကျရာ ဇာတ်ရုပ်ကိုပီပြင်စွာ သရုပ်ဆောင်နိုင်ပြီး ပရိသတ်တွေရဲ့အားပေးမှုကို အခိုင်အမာရရှိထားသူပါ။
သရုပ်ဆောင်ကိုဘင်းနဲ့ ရွှေလက်တွဲခဲ့ပြီး ယခုဆိုရင်ချစ်စရာကောင်းတဲ့သားလေးတစ်ယောက်ကိုလည်းပိုင်ဆိုင်ထားပါတယ်နော်။
လက်ရှိမှာတော့ နှိုင်းယှဉ်ကအနုပညာအလုပ်ကို ဆက်လက်လုပ်ကိုင်နေပြီး Online မှာ Live လွှင့်ပြီးစျေးရောင်းတဲ့အလုပ်ကိုလည်း လုပ်ကိုင်နေတာပါ
မကြာသေးခင်နာရီပိုင်းလောက်ကလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဝမ်းသာစရာသတင်းလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ၂၀၂၁နှစ်အစမှာဘဲ အောင်ဘာလေထီဆုနှစ်ဆုပေါက်ခဲ့တာကြောင့်အတိုင်းမသိဝမ်းသာပျော်ရွှင်နေတာပဲ ဖြစ်ပါတယ်။
သူမကလည်း ” 50000 ဆုနှစ်ဆု ပါတယ်တဲ့ထီဆိုင်ကဖုန်းဆက်တယ် လှုမယ် ဘုရားကို ” ဆိုပြီး လူမှုကွန်ယက်မှာ မျှဝေလာခဲ့တာပဲဖြစ်ပါတယ်
နှိုင်းယှဉ်မြင့်မိုရ်ကတော့ ကံစမ်းမဲတွေပေါက်ပြီး စီးပွားရေး အဆင်ပြေတဲ့အပြင် အောင်ဘာလေ ထီဆု ၂ ဆုကိုပါ ဆွတ်ခူးနိုင်ခဲ့တာပဲဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြလို့ကျေးဇူးတင်ပါတယ်နော်
Writer – Magic(Shwe Yaung Myanmar)
Photo Credit Hnying Shin ‘s Facebook