သိန်းရာနဲ့ချီတန်ကြေးရှိတဲ့ရွှေ စိန်နဲ့ Branded ပစ္စည်းကောင်းတွေကို လက်ဆောင်ရလိုက်တဲ့ အကြောင်း ပရိသတ်ကို ပြောပြလာတဲ့ စွမ်းဇာနည်

မင်းသားချောလေး စွမ်းဇာနည်ကတော့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်လို့ ဆိုရလောက်အောင်ကို မိန်းကလေးပရိသတ်တွေရဲ့ဝန်းရံအားပေးမှုကို အပြတ်အသတ်ရရှိထားတာ ဖြစ်ပါတယ် ။



စွမ်းဇာနည်က ဇာတ်သဘင်လောကမှာ အောင်မြင်နေတဲ့ဇာတ်မင်းသားတစ်ဦးဖြစ်ပြီး အဆိုပိုင်းမှာရော သရုပ်ဆောင်ပိုင်းမှာပါ ပိုင်နိုင်သူ ဖြစ်ပါတယ် ။


စွမ်းဇာနည်က ဗီဒီယိုနဲ့ရုပ်ရှင်ဇာတ်ကားတွေ အများအပြားရိုက်ကူးပြီး အောင်မြင်ခဲ့တာ ဖြစ်သလို ချစ်သူခင်သူအများအပြားလည်းရှိနေခဲ့တာပါ



အခုတော့ စွမ်းဇာနည်က လက်ဆောင်အနေနဲ့ လက်ခံရရှိထားတဲ့ သူ့ရဲ့အဖိုးတန်ပစ္စည်းတွေကို ဓာတ်ပုံရိုက်ပြီး ထုတ်ပြလိုက်တာ ဖြစ်ပါတယ် ။



စွမ်းဇာနည်က “ဒီရက်ပိုင်းရတဲ့လက်ဆောင်လေးတွေပါ အရမ်းကြိုက်ပါတယ် ” ဆိုပြီး ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ် ။ စွမ်းဇာနည်ကတော့ စိန်လက်စွပ်နှစ်ကွင်း၊ ရွှေလက်စွပ်တစ်ကွင်း၊ LV ပုံစံရွှေပစ္စည်းတစ်ခု၊ Nike Airmax ဖိနပ်တစ်ရံ၊ Chanel Spray ၊ Armani Exchange နာရီတစ်လုံးနဲ့အခြားပစ္စည်းတွေကို လက်ဆောင်ရရှိလိုက်တာပဲ ဖြစ်ပါတယ် ။



ကဲ သိန်းရာနဲ့ချီတန်ကြေးရှိတဲ့ပစ္စည်းကောင်းတွေကို လက်ဆောင်ရလိုက်တဲ့ စွမ်းဇာနည်ရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။အဆုံးထိဖတ်ရှုပေးကြလို့ကျေးဇူးတင်ပါတယ်နော်

Writer – Magic(Shwe Yaung Myanmar)

Photo Credit – Swan Zarni’s Facebook