အဘွားဖြစ်သူ ရုတ်တရက်ဆုံးပါးသွားလို့စိတ်မကောင်းဖြစ်ရတဲ့အချိန်မှာ နောက်ဆုံးအချိန်ကိုပါ ကြည့်ခွင့်မရလို့ ဝမ်းနည်းကြေကွဲနေရှာတဲ့ ဖြူဖြူထွေး

အနုပညာလောကရဲ့ ဒိတ်ဒိတ်ကြဲ တစ်ဦးဖြစ်တဲ့ သရုပ်ဆောင် ဖြူဖြူထွေးက ပရဟိတလုပ်ငန်းတွေမှာ အားတက်သရော ပါဝင်လုပ်ကိုင်လေ့ရှိသူဖြစ်ပြီး စိတ်သဘောထားဖြူစင်တဲ့ သူလေးပါ။ သူမရဲ့ ရိုးသားပွင့်လင်းတဲ့ အပြောအဆိုလေးတွေကြောင့် အများက အချစ်ပိုကာ အားပေးနေကြတာပဲ ဖြစ်ပါတယ်။


ယနေ့မှာတော့ ရွာမှာရှိတဲ့ အဘွားဖြစ်သူ ရုတ်တရက်ဆုံးပါးသွားတာကြောင့် အဘွားဖြစ်သူရဲ့ နောက်ဆုံးချိန်ကိုသွားရောက်ကြည့်ရှုဖို့ကြိုးစားခဲ့ပေမယ့် အရာမထင်ခဲ့တဲ့အကြောင်း ပြောပြလာခဲ့တာဖြစ်ပါတယ်။



မိဘတွေကို လုပ်ကျွေးပြုစုနေသူဖြစ်ပြီး သူမရဲ့ရွာကိုလည်း မမေ့မလျော့ ကျေးဇူးသိတတ်သူဖြူဖြူထွေးက ရွာမှာရှိတဲ့ အဘွားရဲ့ နောက်ဆုံးအချိန်ကို ကြည့်ခွင့်ရဖို့ ဆေးစစ်ချက် ထောက်ခံစာတွေယူပြီး ပြန်ဖို့ကြိုးစားခဲ့တာပါ။



“အဘွားဆုံးပြီး ရွာလေးပြန်ချင်တာကို ဒီမှာ ဆေးစစ်ချက်ထောက်ခံစာတွေပါ ယူခဲ့ ပါ့မယ်ဆိုတာကို 😢😢ဘာလို့လဲဗျာ တော်တော်စိတ်ညစ်နေပြီး အဘွားမျက်နှာ နောက်ဆုံးနေနဲ့ကြည့်ခွင့်မရတော့ဘူးလာ😢”လို့ ဖြူဖြူထွေးက လူမှုကွန်ယက်မှာ ဝေမျှထားခဲ့တာဖြစ်ပါတယ်


ဖြူဖြူထွေးက အဘွားဖြစ်သူ ဆုံးပါးသွားလို့စိတ်မကောင်းဖြစ်ရတဲ့အချိန်မှာ နောက်ဆုံးအချိန်ကိုပါ ကြည့်ခွင့်မရလို့ ထပ်ဆင့်စိတ်မကောင်းဖြစ်နေတာကြောင့် စိတ်ညစ်နေတဲ့အကြောင်း ပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်

Writer – Magic(Shwe Yaung Myanmar)

Photo Credit – phyu phyu htwe