ကျေးဇူးသိတတ်တဲ့ပိုင်တံခွန်ကြောင့် ဝမ်းသာပီတိမျက်ရည်ကျခဲ့ရတဲ့ အကြောင်း ပြောပြလာတဲ့ဂျွန်လွင်

မော်ဒယ်လ်လောကရဲ့ဖခင်ကြီးလို့ ခေါ်ဝေါ်ကြတဲ့ ဂျွန်လွင်ကတော့ လိုအပ်တဲ့နေရာတိုင်းကို လက်မနှေးကူညီတတ်သူတစ်ယောက်မို့ ပရိသတ်တွေလေးစားချစ်ခင်နေရသူပါ။



အကြင်နာတရားထွန်းကားရေး ဆောင်ပုဒ်လေးကို အမြဲလက်ကိုင်ထားပြီး လိုအပ်နေသူတွေကို ကူညီပေးခဲ့ရုံမက ကိုဗစ်ပထမလှိုင်းမှာလည်း ခက်ခဲဒုက္ခရောက်နေသူတွေကို ဆက်တိုက်ဆိုသလို လှူဒါန်းပေးခဲ့ပါသေးတယ်။



အခုမှာတော့ ပိုင်တံခွန်ရဲ့ သိတတ်မှုကြောင့် သူ့ဘဝမှာပထမဆုံး မျက်ရည်ကျတဲ့အထိကို အတိုင်းမသိဝမ်းသာခဲ့ရကြောင်းကို ပုံလေးတွေနဲ့ စာလေးကို ခုလိုဝေမျှလာတာဖြစ်ပါတယ်။



“ဒီလိုကျေးဇူးဆပ်တာဘဝမှာပထမဆုံးခံရတော့ရင်ထဲမှာပီတိကပြောမပြတတ်အောင်ပါ Sedona မှာရေကူးခါနီးတပည့်ပိုင်တံခွန်ဖုံဆက်လာတယ် သစ်တံခါးဆရာတော်ဘုရားနဲ့အတူသူမေတ္တာပို့ဆုတောင်းပေးတာပိတီဖြစ်ပြီးမျက်ရည်ကျခဲ့ရတယ်



ဘုန်းကြီးဝတ်နဲ့ဆရာကိုကျေးဇူးဆပ်တဲ့အနေနဲ့သူပြု့သမျှကုသိုလ်တွေကိုသူကမျှဝေပေးတာတရားဟောပေးတာဘဝမှာဝမ်းသာလွန်းလို့ကျတဲ့မျက်ရည်ဟာထူးဆန်းအေးမျှလှပါတယ်” ဆိုပြီးရေးသားထားခဲ့တာဖြစ်ပါတယ်

ဂျွန်လွင်ကတော့ ပိုင်တံခွန်ရဲ့ ကျေးဇူးသိတတ်မှုကြောင့် မျက်ရည်ကျတဲ့အထိ ဝမ်းသာခဲ့ရတာပဲဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြတဲ့ ကျေးဇူးတင်ပါတယ်နော်

Writer – Magic(Shwe Yaung Myanmar)

Photo – John Lwin’s Facebook