
ဟာသလူရွှင်တော်ဖြစ်ရုံသာမကဘဲ သရုပ်ဆောင်အနေနဲ့ပါ နှစ်ပေါင်းအတော်ကြာ ရပ်တည်လျက် ရှိနေသူကတော့ သရုပ်ဆောင် ဒိန်းဒေါင်ပဲ ဖြစ်ပါတယ်။ သူဟာ ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးမှုတွေကို များစွာရရှိထားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။
ဦးဒိန်းဟာပရဟိတအလုပ်တွေကိုလည်း အားတက်သရောလုပ်လွန်းတာကြောင့် ပရိသတ်တွေပါ လက်ဖျားခါချီးကျူးနေကြတာဖြစ်ပါတယ်။ ယနေ့မှာတော့ ဒိန်းဒေါင်က ပရဟိတအလုပ်တွေလုပ်ကိုင်ရင်း ကံအကျိုးပေးလို့ (၄)ကြိမ်ဆက်တိုက် ထီပေါက်ခဲ့တဲ့ အကြောင်း ပြောပြလာခဲ့တာပါ
ဒိန်းဒေါင်က “ကောင်းတာတွေလုပ်လို့ တူသောအကျိုးပေးတယ်လို့ ဆိုရမလား မကြာသေးမီကမှ လေဖြတ်နေတဲ့ ထီသည်ဆီက သနားလို့ အားပေးခဲ့တဲ့ ထီလက်မှတ် (၂) စောင်က (၅)သောင်းဆု နှစ်ခုပေါက်ခဲ့ပြီး လတ်တလောမှာလည်း လေးကြိမ်ဆက်တိုက်ထီပေါက်တယ်စေတနာပေါ့ “ဆိုတဲ့စာသားလေးနဲ့ (၄)ကြိမ်မြောက်ထီပေါက်ခဲ့တဲ့အကြောင်း ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။
ဒိန်းဒေါင်ကတော့ ပရဟိတအလုပ်တွေလုပ်ကိုင်ရင်း ကံအကျိုးပေးလို့ (၄)ကြိမ်ဆက်တိုက် ထီပေါက်ခဲ့တာပဲဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြလို့ ကျေးဇူးတင်ပါတယ်နော်
Writer – Magic(Shwe Yaung Myanmar)
Photo Credit – Dain Daung’s Facebook