မမှီဝဲနဲ့ကင်းအောင်နေဇာတ်လမ်းတွဲထဲက သရုပ်ဆောင်ပြောင်မြောက်လှတဲ့ ဇာတ်ဝင်ခန်းကြောင့် အထူးနာမည်ကြီးနေတဲ့ သာထက်ဉာဏ်ဇော်

MRTV-4 ကနေပြသတဲ့ “9”ရုပ်ရှင်ဇာတ်လမ်းတွဲထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသားတစ်ယောက်ဖြစ်တဲ့ သာထက်ဉာဏ်ဇော် ကတော့ မိန်းကလေး ပရိသတ်တွေရဲ့ အသည်းစွဲမင်းသားလေးတစ်ယောက်ပါ ။



လတ်တလောမှာတော့ ပရိသတ်ချစ်တဲ့ သာထက်ဉာဏ်ဇော်က ဒိုက်အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ “မမှီဝဲနဲ့ကင်းအောင်နေ ” ဇာတ်လမ်းဟာလည်း အထူးအောင်မြင်ကျော်ကြားလို့နေတာပါ



ဒီဇာတ်လမ်းတွဲမှာဦးဗေဒါအဖြစ်သရုပ်ဆောင်တဲ့ ထူးခန့်ကျော်ကို မေတ္တာသုတ်သင်ပေးတဲ့အခန်းမှာ ဒိုက်အဖြစ်သရုပ်ဆောင်တဲ့ သာထက်ဉာဏ်ဇော်က ပြုံးပြီးကျတဲ့မျက်ရည်တွေနဲ့ သရုပ်ဆောင်ခဲ့တဲ့ အခန်းကို ပရိသတ်တွေက အတော်လေး သဘောကျနေခဲ့တဲ့အကြောင်း သာထက်ဉာဏ်ဇော်ကပြောပြလာခဲ့တာပါ



သာထက်ဉာဏ်ဇော်ဟာ အဆိုပါ ဇာတ်ဝင်ခန်း ရိုက်ကူးခဲ့ စဉ်က လည်း ရှုတင်အဖွဲ့သားတွေရဲ့ ချီးကျူးမှုကို ရရှိခဲ့တဲ့အကြောင်း သူ့ရဲ့ မိုင်ဒေးမှာရေးသားဖော်ပြခဲ့ဖူးတာဖြစ်ပါတယ်



သာထက်ဉာဏ်ဇော်ကတော့မမှီဝဲနဲ့ကင်းအောင်နေဇာတ်လမ်းတွဲထဲက သရုပ်ဆောင်ပြောင်မြောက်လှတဲ့ ဇာတ်ဝင်ခန်းကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့တာပဲဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြလို့ ကျေးဇူးတင်ပါတယ်နော်

Writer – Magic {Shwe Yaung Myanmar)

Photo Credit – thar htet nyan zaw’s Facebook