သူမနဲ့သင့်တော်တဲ့ချစ်သူကို ဆုံးသွားတဲ့ သူမရည်းစားဟောင်းက ရွေးပေးမယ်လို့ဆိုလာတဲ့ မမဆောင်း

ပရိသတ်ကြီးရေ မင်းသမီးချောတစ်ယောက်ဖြစ်တဲ့ ဆောင်းအိန္ဒြေထွန်းကတော့ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်နဲ့လုပ်ဆောင်နေတာဖြစ်ပါတယ်။



သူမကိုချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေကတော့ မမဆောင်း လို့ချစ်စနိုးခေါ်ဝေါ်ကြပြီး သူမရဲ့လှုပ်ရှားမှုတိုင်းကို အားပေးနေကြတာဖြစ်ပါတယ်။



မမဆောင်းက ကြော်ငြာတွေလည်းအများအပြားရိုက်ကူးပြီး သီချင်းတွေမှာလည်း ပါဝင်သရုပ်ဆောင်ပါတယ်နော်။



မမဆောင်းက ပွင့်လင်းရိုးသားပြီး အရှိကိုအရှိအတိုင်းပြောဆိုဆက်ဆံတတ်တဲ့သူဖြစ်ပါတယ်နော်။ပရိသတ်တွေကလည်း အရမ်းသဘောကျနေကြလို့ သူမရဲ့အင်တာဗျူးတွေကိုလည်း အမြဲကြည့်ရှု့နေကြတာဖြစ်ပါတယ်။



ယခုရက်ပိုင်းမီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့ မမဆောင်းက သူမနဲ့သင့်တော်တဲ့ချစ်သူကို ဆုံးသွားတဲ့ သူမရည်းစားဟောင်းက ရွေးပေးမယ်ထင်တယ်လို့ဆိုလာခဲ့တာဖြစ်ပါတယ်


မမဆောင်းက “ကိုယ့်အချစ်ရေးကပုံပြင်တစ်ပုဒ်လိုဖြစ်နေတော့ ကိုယ်နဲ့သင့်တော်တဲ့ချစ်သူကို ဆုံးသွားတဲ့ချစ်သူကပဲ ရွေးပေးမယ်လို့ထင်တယ်၊ မမဆောင်းကတော့ တစ်ယောက်ပဲ ရွေးလို့ရမှာလေ


ကိုယ့်ကို သုံးယောက်သဘောကျလဲ တစ်ယောက်ပဲရွေး လို့ရမှာ ဆိုတော့ ဒီနှစ်ထဲတစ်ယောက်တော့ရွေးမှာပါ။ အခုတော့ဖုံးကွယ် ထားချင် သေးတယ်” လို့ သူမအချစ်ရေးနဲ့ပတ်သတ်ပြီး ပြောလာခဲ့တာပါ



ကိုယ့်ကို ဆုံးသွားတဲ့ချစ်သူက လိုက်စောင့်ရှောက်နေတာဆိုတော့ ကိုယ် သဘောကျပေမယ့် ရွေးလို့မရတာလည်းရှိတယ် ၂၀၂၁ မှာတော့ တစ်ယောက်ယောက်ကိုရွေးချယ်ဖြစ်မယ်လို့ထင်ပါတယ် ဘယ်သူလဲဆိုတာတော့ ကိုယ်ကိုတိုင်ကို မသိသေးတာပါလို့ ဆိုလာခဲ့တာဖြစ်ပါတယ်


မမဆောင်းကတော့ သူမနဲ့သင့်တော်တဲ့ချစ်သူကို ဆုံးသွားတဲ့ သူမရည်းစားဟောင်းက ရွေးပေးမယ်ထင်တယ်လို့ဆိုလာခဲ့တာဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်

Writer – Magic(Shwe Yaung Myanmar)

Photo Credit – Saung Eaindray Tun