ယနေ့မနက်မှာပဲအဘွားဖြစ်သူဆုံးပါးသွားခဲ့လို့ ဝမ်းနည်းစကားတွေ ကြေကွဲစွာ ဆိုလာတဲ့ ချမ်းမြေ့မောင်ချို

ပရိသတ်ကြီးရေ ဂီတလောကမှာ အောင်မြင်မှုတွေကို အချိန်အတိုတွင်း ရရှိထားတဲ့ သူကတော့ အဆိုတော်မလေး ချမ်းမြေ့မောင်ချို ပဲဖြစ်ပါတယ်။



ချမ်းမြေ့မောင်ချို က Myanmar idol အဆိုပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဥ်ပြိုင်ရင်း ဆွဲဆောင်မှုရှိတဲ့ အသံချိုချိုလေးတွေကြောင့် ပရိသတ်တွေ စိတ်ဝင်စားခြင်းခံရတဲ့ သူပဲဖြစ်ပါတယ်။



ယနေ့မနက်ပိုင်းကတော့ သူမရဲ့ အဘွားဖြစ်သူ ဆုံးပါးသွားခဲ့တာဖြစ်ပြီး ဝမ်းနည်းဖွယ် အမှာစကားလေးတွေကို လူမှုကွန်ယက်မှာ မျှဝေလာခဲ့တာဖြစ်ပါတယ်



ချမ်းမြေ့မောင်ချိုက “ဘွားဘွားကြီးရေ ဘိုးဘိုးကြီးနဲ့တွေ့နေပီလား ?? တွေ့ရင် ရန်မဖြစ်ကြနဲ့နော် ချစ်ချစ်ခင်ခင်နေနော် စားချင်တာတွေလဲစားတော့နော် ဘိုးဘိုးကြီးက အကုန်ဝယ်ကျွေးမှာတဲ့ အဘွားစားချင်တာပြောလိုက်နော် သမီးကိုတော့ cherry သီးတွေကျွေးနော်ဘွားဘွားကြီး သမီးစားမယ်နော် ..



သီဟိုစေ့တွေအမြဲသိမ်းထားတတ်တဲ့အဘွား .. အမြဲခိုးစားတဲ့မြေး .. ကျွေးရှာပါတယ် .. ခိုးမစားတော့ဘူးနော် အဘွား .. ကားလဲအမြဲဂရုစိုက်မောင်းပါ့မယ် မေကြီးကိုလဲဒီထပ်မက ဂရုစိုက်ပါ့မယ် .. အဘွားစိတ်ချလက်ချနဲ့သာ ဘိုးဘိုးကြီးနဲ့လိုက်သွားနော် … ” လို့ လူမှုကွန်ရက်စာမျက်နှာထက်မှာ ဝမ်းနည်းဖွယ်ရေးသားခဲ့ပါတယ် ။


ချမ်းမြေ့မောင်ချိူကတော့ အဘွားဖြစ်သူဆုံးပါးသွားခဲ့တဲ့အတွက် ဝမ်းနည်းနေတာပဲဖြစ်ပါတယ်နော် ချမ်းမြေ့မောင်ချိုရဲ့အဘွား ကောင်းရာမွန်ရာရောက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်နော်

Writer – Magic(Shwe Yaung Myanmar)

Photo Credit – Chan Myae Mg Cho