မီတာခ ပေးစရာ မလိုတဲ့ အဲကွန်းကို တီထွင်လိုက်နိုင်တဲ့ အမျိုးသား

ဘင်္ဂလားဒေးရ်ှနိုင်ငံသားတစ်ဦးဖြစ်တဲ့ Ashis Paul ဆိုသူတစ်ဦးဟာ ပလတ်စတစ်ဘူးခွံတွေကိုအသုံးပြုပြီး လျှပ်စစ်ဓာတ်အားမလိုတဲ့ လေအေးပေးစက်ကို ဆန်းသစ်တီထွင်ခဲ့တယ်လို့သိရပါတယ်။

ဘင်္ဂလားဒေ့ရ်ှနိုင်ငံ Rajbari မှာနွေရာသီကာလက အပူချိန် 45°C ထိ အပူချိန်မြင့်တက်ခဲ့ပြီး လျှပ်စစ်ဓာတ်အားမရရှိတဲ့ ကျေးရွာဒေသတွေမှာ အပူဒဏ်ကြောင့် ဒုက္ခများခဲ့ပါတယ်။

ဒီပြဿနာကိုဖြေရှင်းဖို့အတွက် Ashis Paul ဟာ ပလတ်စတစ်တွေကို ထက်ဝက်စီဖြတ်ပြီးနံရံမှာတပ်ကာ အအေးဓာတ်ထုတ်လွှတ်ပေးနိုင်မယ့် လေအေးပေးစက်ကိုတီထွင်ခဲ့ပါတယ်။

လေဟာ ရေဘူးရဲ့အဝကနေ ကျဉ်းမြောင်းသွားတဲ့ထိပ်ပိုင်းကိုဖြတ်သန်းစဉ်မှာ လေဖိအား ပြောင်းလဲသွားပြီး အခန်းတွင်း 5°C ထိအေးအောင် ပြုလုပ်ပေးနိုင်မှာပဲဖြစ်ပါတယ်။

Ashis Paul ကတော့ သူ့ရဲ့ကိရိယာကို မည်သူမဆိုအသုံးပြုနိုင်ဖို့အတွက် မူပိုင်ခွင့်တင်မှာမဟုတ်ဘူးလို့သိရပြီး အပူဒဏ်ခံရတဲ့မည်သည့်ဒေသမှာမဆို ဒီနည်းလမ်းနဲ့ လေအေးပေးစက်ကို လွယ်လွယ်တပ်ဆင်လို့ရမှာဖြစ်တယ်လို့ဆိုထားပါတယ်။

လျှပ်စစ်မီးအားမလိုတဲ့အတွက် ဒီလေအေးပေးစက်လေးဟာ မီတာခလည်းမကုန်အသုံးလည်းတည့်မယ့် နည်းလမ်းကောင်းလေးတစ်ခုပါပဲနော်။

ရွှေရောင်လမ်း ( Writer – LLA )
Photo – Original