အမြဲတမ်း အတူတူနေဖို့ ဆုံးဖြတ်ပြီး လက်ထပ်လိုက်ကြတဲ့ ထိုင်းနိုင်ငံ က အမျိုးသား ၃ ယောက်

အခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ နှစ်သစ်မှာ တစ်ကိုယ်တည်းသမားတွေဝမ်းနည်းရမယ့်သတင်းလို့ဆိုရမှာပဲ။

ဘာကြောင့်လဲဆိုတော့ ထိုင်းနိုင်ငံ Chanthaburi ခရိုင်မှာ အမျိုးသားတစ်ဦးတည်းကိုချစ်မိသွားတဲ့ အမျိုးသား၂ဦးဟာ အချင်းချင်းနားလည်မှုရှိရှိနဲ့ သုံးဦးတွဲမင်္ဂလာပွဲကို ကျင်းပခဲ့လို့ပဲဖြစ်ပါတယ်။

အသက် ၃၀အရွယ် အာဟာရသိပ္ပံပညာပါရဂူ James Chandmthong နဲ့ အသက်၂၂နှစ်အရွယ် Nong Amsapchan တို့ဟာ ချစ်သူသက်တမ်း၇နှစ်ရှိပြီဖြစ်တဲ့စုံတွဲဖြစ်ပါတယ်။

သူတို့၂ဦးဟာ အသက် ၂၄နှစ်အရွယ် Nong Toei Buutawat နဲ့အသိအကျွမ်းဖြစ်ခဲ့ကြပြီး ဒီဇင်ဘာ ၈ရက်နေ့က သုံးဦးတွဲလက်ထပ်လိုက်ကြတယ်လိုသိရပါတယ်။

သူတို့သုံးဦးရဲ့လက်ထပ်ပွဲဓာတ်ပုံက အင်တာနက်တစ်ခွင်လူပြောများခဲ့ပြီး သုံးဦးလက်ထပ်ဖြစ်ခဲ့ခြင်းမှာ James ရော Noah ရောဟာ Nong ကိုချစ်မြတ်နိုးကြတဲ့အတွက် သုံးယောက်လုံးအတူနေထိုင်ဖို့ဆုံးဖြတ်ခဲ့ကြတယ်လို့ဆိုပါတယ်။

သူတို့ရဲ့လက်ထပ်ပွဲကို Nongရဲ့မိခင်ဖြစ်သူကလည်း သဘောတူကြည်ဖြူပေးခဲ့ပြီး သားဖြစ်သူရဲ့အိမ်ထောင်ရေးကို တခြားသူတွေလိုပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းစေချင်တယ်လို့ ဆိုထားပါတယ်

သူတို့ရဲ့မင်္ဂလာပွဲကို သူငယ်ချင်းတွေနဲ့ဆွေမျိုးတွေက တက်ရောက်ပေးခဲ့ကြပြီး လက်ထပ်ပွဲကို ဗုဒ္ဓဘာသာအယူအရကျင်းပခဲ့ကြပါတယ်။

ထိုင်းနိုင်ငံမှာ သူတို့သာမကဘဲ ၂၀၁၅ ခုနှစ်ကလည်း သုံးဦးတွဲလက်ထပ်မှုရှိခဲ့ပါတယ်။

ကမ္ဘာ့ပထမဆုံးသုံးဦးတွဲလက်ထပ်မှုစတင်ခဲ့တဲ့ နိုင်ငံဖြစ်ပေမယ့် ထိုင်းနိုင်ငံရဲ့ဥပဒေအရတော့ ဒီလက်ထပ်မှုတွေကိုခွင့်မပြုထားဘူးလို့သိရပါတယ်။

ရွှေရောင်လမ်း ( Writer – Lwin )
Source – World of buzz
Photo – ธนวัฒน์แด๊นซ์ จันทบุรี