အသက် ၁၆ နှစ်အရွယ်ကတည်းက မင်းသမီးချော စိုးမြတ်နန္ဒာကို ကြိတ်ကြိုက်ခဲ့ရတဲဲ့အကြောင်း ဖွင့်ဟဝန်ခံလာတဲ့ မနော

မြန်မာသံစဉ်တေးသီးချင်းလေးတွေနဲ့ဂီတလောကမှာအောင် မြင်မှုတွေကို ရယူပြီး နေရာတစ်နေရာကို အခိုင်အမာရပ် တည်ထားနိုင်ခဲ့သူကတော့အဆိုတော် မနောပဲဖြစ်ပါတယ်။


သူထွက်ရှိခဲ့တဲ့ မြန်မာသံစဉ် သီချင်းလေးတွေ ကလည်းနားထောင်သူတွေရဲ့ ရင်ထဲကို ထိမှန်စေခဲ့တဲ့ တေးသီချင်းကောင်းတွေပဲဖြစ်ပါတယ်။



မနော ကတော့လက်ရှိမှာ သာယာပျော်ရွှင် စရာကောင်းလောက်တဲ့ အိမ်ထောင်ရေးလေးကို ရရှိပိုင်ထားပြီး ဘဝကို အေးအေးချမ်းချမ်းနဲ့ ဖြတ်သန်းနေထိုင်နေတာ ဖြစ်ပါတယ်။



သူ့ရဲ့ငယ်ဘဝအမှတ်တရပုံရိပ်လေးတွေကို ချပြလေ့ရှိတဲ့ မနောဟာ ယမန်နေ့ကတော့ သူ (၁၆)နှစ်သားအရွယ်မှာ မင်းသမီးချောစိုးမြတ်နန္ဒာကို ကြိတ်ကြိုက်ခဲ့ရတဲ့အကြောင်း ဖွင့်ဟလာတာဖြစ်ပါတယ်။



မနောက”အသက်က ၁၆ နှစ် ပုံကဟောင်းနေပေမယ့်  ကိုကြီးနှလုံးသားကတော့ အဲဒီတုန်းကလိုပဲအသစ်စက်စက်ကြီး”ဆိုပြီး တစ်ချိန်တုန်းကပုံလေးကို လူမှုကွန်ယက်မှာမျှဝေလာခဲ့တာဖြစ်ပါတယ်



မနောကတော့ ငယ်စဉ်ကတည်းက မင်းသမီးချောစိုးမြတ်နန္ဒာကို ကြိတ်ကြိုက်ခဲ့ရတဲ့အကြောင်း ပြောပြလာခဲ့တာဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်

Writer – Magic(Shwe Yaung Myanmar)

Photo Credit – Manaw’s Facebook