
ဟာသလူရွှင်တော်ဖြစ်ရုံသာမကဘဲ သရုပ်ဆောင်အနေနဲ့ပါ နှစ်ပေါင်းအတော်ကြာ ရပ်တည်လျက် ရှိနေသူကတော့ သရုပ်ဆောင် ဒိန်းဒေါင်ပဲ ဖြစ်ပါတယ်။ သူဟာ ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးမှုတွေကို များစွာရရှိထားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။
ဦးဒိန်းဟာပရဟိတအလုပ်တွေကိုလည်း အားတက်သရောလုပ်လွန်းတာကြောင့် ပရိသတ်တွေပါ လက်ဖျားခါချီးကျူးနေကြတာဖြစ်ပါတယ်။
ယနေ့မှာတော့ ဒိန်းဒေါင်က ကိုဗစ်ဥပဒေနဲ့တရားစွဲခံနေရလို့ တိမ်းရှောင်နေတဲ့ အဆိုတော် ဘနားနားကို အဖမ်းခံခိုင်းလိုက်ပြီဆိုတဲ့အကြောင်း ပြောလာခဲ့တာဖြစ်ပါတယ်
ဒိန်းဒေါင်က “မင်းငါ့စကားနားထားပြီးအဖမ်းခံလိုက်တဲ့အတွက်ကျေနပ်တယ် လိုအပ်ရင်တက်နိုင်သလောက်ကူညီမယ်စိတ်ချ”လို့ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ မျှဝေလာခဲ့တာပါ
ဘနားနားခေါ် ခြိမ့်ကေကိုဟာ မြစ်သားမြို့နယ်က ကျေးရွာတစ်ခုက မွေးနေ့ပွဲမှာ လူ ၅၀ လောက်ကို ဖျော်ဖြေခဲ့တာကြောင့် တရားစွဲခံခဲ့ရတာဖြစ်ပါတယ် လူမှုကွန်ယက်မှာ သတင်းကြီးနေတာကြောင့် တင်ဆက်ပေးလိုက်ရပါတယ်နော်
Writer – Magic(Shwe Yaung Myanmar)
Photo Credit – Chaint K Ko’s Facebook