နိုင်ငံတော်ကချီးမြှင်တဲ့ သာသနာ့ကျက်သရေဆောင်ဘွဲ့ထူးကြီးကို ရရှိခဲ့တဲ့ ခန့်စည်သူ

အနုပညာလောကမှာနှစ်ပေါင်းအတော်ကြာ ရပ်တည်အောင်မြင်နေပြီး ယနေ့ထိတိုင်ပရိတ်သတ်အားပေးမှုရရှိနေတဲ့ အကယ်ဒမီမင်းသားချောကြီး ခန့်စည်သူကိုသိကြမယ်ထင်ပါတယ်နော်။



သူဟာ ပျော်ပျော်နေတတ်သူတစ်ယောက်ဖြစ်ပြီး ဟာသဇာတ်ရုပ်ကိုလည်းကျွမ်းကျင်ပိုင်နိုင်စွာသရုပ်ဆောင်နိုင်သူတစ်ယောက်လည်းဖြစ်ပါတယ်။ ခန့်စည်သူဟာအေးအေးချမ်းချမ်းနေတတ်တဲ့သူလည်းဖြစ်ပြီး အခုထိတိုင်လူပျိုကြီးဘဝနဲ့နေထိုင်နေတာပါနော်။



သူဟာအလှူဒါနတွေကိုလည်း ရက်ရက်ရောရောလုပ်တတ်တဲ့သူဖြစ်ပြီး အလှူအတန်းနဲ့ပက်သက်ရင်လည်း အများကချီးကျူးဂုဏ်ပြုရတဲ့မင်းသားချောကြီးတစ်ယောက်လို့ဆိုရရင်လည်း မှားမယ်မထင်ပါဘူးနော်။



ဒီကနေ့ ဇန်နဝါရီလ (၄) ရက်နေ့မှာတော့ ခန့်စည်သူကို ချစ်ခင်လေးစားကြတဲ့ ပရိသတ်တွေကို ဝမ်းသာဂုဏ်ယူစေမယ့် သတင်းကောင်းတစ်ခုကတော့ အကယ်ဒမီ ခန့်စည်သူက နိုင်ငံတော်က ပေးအပ်ချီးမြှင့်တဲ့ သီရိသုဓမ္မမဏိဇောတဓရဘွဲ့ကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။



သီရိသုဓမ္မမဏိဇောတဓရဘွဲ့ကတော့ သာသနာ့ကျက်သရေဆောင် ပတ္တမြားပမာ နှိုင်းယှဉ်အပ်သူ အဆင့်အမြင့်ဆုံး အမျိုးသားဥပါသိကာ (ဒုတိယအဆင့်) လို့ မြန်မာအဓိပ္ပာယ်ရတာဖြစ်ပြီး ဒီကနှစ်မှာတော့ ခန့်စည်သူက ပေးအပ်ချီးမြှင့်ခြင်းခံရတာပဲ ဖြစ်ပါတယ်။



ခန်စည်သူကတော့ နိုင်ငံတော်ကချီးမြှင်တဲ့ သာသနာ့ကျက်သရေဆောင်ဘွဲ့ထူးကြီးကို ရရှိခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီးလည်း ခန့်စည်သူအတွက် ဝမ်းသာနိုင်စေဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်

Writer – Magic(Shwe Yaung Myanmar)

Photo Credit – Kyaw Soe Win’s Facebook