မင်္ဂလာသက်တမ်း ၁၀ နှစ်ကျော်သွားပြီဖြစ်ပေမယ့် သူတို့နှစ်ဦးရဲ့ အိမ်ထောင်ရေးမှာ လုံးဝပြောင်းလဲမသွားတဲ့ အရာ တစ်ခုကို ပြောပြလာတဲ့ ပြေတီဦး

အကယ်ဒမီပြေတီဦးနဲ့ အကယ်ဒမီအိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံနှစ်ယောက်ကတော့ နှစ်ကိုယ်တူဘဝလေးကို တည်ဆောက်ထားပြီး သားသမီးနှစ်ယောက်နဲ့ ပျော်ရွှင်နေတာဖြစ်ပါတယ်။



လက်ရှိအချိန်ထိလည်း ပြေတီနဲ့အူဝဲတို့က အောင်မြင်နေကြပြီး ပရိသတ်အချစ်ကို ပိုင်ဆိုင်ထားဆဲဖြစ်ပါတယ်နော်။ပြေတီဦးရဲ့ သမီးချောလေး ပြေသုဒြာနဲ့ သားချောလေးဖိုးဓီတို့ကလည်း လူချစ်လူခင်ပေါများကြပါတယ်။



အခုဆိုရင်လည်း ပြေတီဦးတို့ဇနီးမောင်နှံနှစ်ယောက်ဟာ မင်္ဂလာသက်တမ်းဆယ်နှစ်ပြည့်သွားခဲ့ပြီဖြစ်ပြီး မကြာသေးမီကဦးတီဟာ သူ့ရဲ့ Facebookစာမျက်နှာမှာ “Happy 10th Anniversary…..၁၀ နှစ်ပြည့်ဆိုတော့ စိတ်ထဲမှာ ခံစားချက်က အရင်နှစ်တေနဲ့မတူပဲ ထူးထူးခြားဖြစ်နေတယ်…ပျော်နေတယ်…ကြည်းနူးနေတယ်..အလကားနေရင်းရယ်ချင်နေတယ်…မမအူဝဲကိုတွေ့တာနဲ့စချင်နေတယ်…



( အခုလေးတင်ဂေါက်ရိုက်ပြီးပြန်လာတော့ တွေ့တာနဲ့ စပြီးပြီ)..တကယ်တော့ ၁၀ နှစ်ဆိုတာ သူများတေနဲ့ယှဉ်ရင် နဲနေသေးပေမယ့် ခရီးတခုတော့ရောက်ခဲ့ပြီ..ဘဝလက်တွဲဖော် အဖြစ် အစစအရာရာတာဝန်ကျေတဲ့ မမအူဝဲကို ကျေးဇူးတင်ပါကြောင်း မှတ်တမ်းတင်ပါတယ်……I love you my wife..” ဆိုပြီးကြည်နူးစရာအရမ်းကောင်းတဲ့ စာလေးရေးပေးခဲ့ပါတယ်။



ပြေတီဦးကတော့ “မင်္ဂလာသက်တမ်း ကြာမြင့်လာတာတောင်ချစ်ဇနီးလေးအပေါ် အချစ်တွေမလျော့သွားဘဲ စတွေ့တုန်းကအတိုင်း ရင်ခုန်ပြီးပျော်ရွင်နေရတဲ့အကြောင်း ထုတ်ပြောလာခဲ့တာပဲဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြလို့ကျေးဇူးတင်ပါတယ်နော်

Writer – Magic(Shwe Yaung Myanmar)

Photo Credit – Pyay To Oo