သေသေချာချာ ဂရုစိုက်ပြုစုခဲ့ပေမယ့် ဖခင်ကို ရုတ်တရက် ဆုံးရှုံးလိုက်ရတဲ့အတွက် ဝမ်းနည်းနေရှာတဲ့ မင်းသားချော နေယံ

မင်းသားချောလေးနေယံကတော့ တစ်ချိန်က အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ မင်းသားချောလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။



ဗီဒီယိုဇာတ်ကားတွေကို ရိုက်ကူးခဲ့ပြီး ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ရုပ်တိုင်းကို အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့ နေယံကတော့ ယခုမှာ အနုပညာအလုပ်တွေနဲ့ ဝေးကွာလျက်ရှိနေပြီး ကိုယ်ပိုင်စီးပွားရေးအလုပ်ကို လုပ်ကိုင်လျက်ရှိနေပါတယ်။



ဒီကနေ့မှာတော့ နေယံက သူ့ရဲ့ ဆုံးရှုံးမှုကြီးတစ်ခုကို ပရိသတ်တွေဆီ စိတ်မကောင်းစွာနဲ့ အသိပေးလာခဲ့ပါတယ်။



နေယံကတော့ သူ့ရဲ့ ကျေးဇူးရှင် ဖခင်ကြီးကို မမျှော်လင့်ပဲ ရုတ်တရက် ဆုံးရှုံးလိုက်ရတာကြောင့် “ကျွန်တော့ အဖေဆုံးပြီးဗျာ 😭😭😭😭😭😭😭😭 ဘာစာမှမဖြေနိုင်တော့ပါ😭😭” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ဝမ်းနည်းကြေကွဲစွာနဲ့ အသိပေးလာခဲ့တာပဲ ဖြစ်ပါတယ်။



နေယံကတော့ ဖခင်ကြီးဆုံးပါးသွားခဲ့ရတဲ့အတွက် ဝမ်းနည်းကြေကွဲစွာရင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ်နော် နေယံရဲ့ဖခင်ကြီး ကောင်းရာမွန်ရာရောက်ရှိပါစေကြောင်း ဆုတောင်းပေးလိုက်ရပါတယ်နော်

Writer – Magic(Shwe Yaung Myanmar)

Photo Credit – Nay Yan