
ဟာသလူရွှင်တော်ဖြစ်ရုံသာမကဘဲ သရုပ်ဆောင်အနေနဲ့ပါ နှစ်ပေါင်းအတော်ကြာ ရပ်တည်လျက် ရှိနေသူကတော့ သရုပ်ဆောင် ဒိန်းဒေါင်ပဲ ဖြစ်ပါတယ်။ သူဟာ ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးမှုတွေကို များစွာရရှိထားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။
ဦးဒိန်းဟာပရဟိတအလုပ်တွေကိုလည်း အားတက်သရောလုပ်လွန်းတာကြောင့် ပရိသတ်တွေပါ လက်ဖျားခါချီးကျူးနေကြတာဖြစ်ပါတယ်။
ယနေ့မှာတော့ ဒိန်းဒေါင်က ကိုဗစ်ဥပဒေနဲ့တရားစွဲခံနေရလို့ တိမ်းရှောင်နေတဲ့ အဆိုတော် ဘနားနားကို အဖမ်းခံခိုင်းခဲ့တာဖြစ်ပြီး သူ့အနေနဲ့ ဒီ အမှုကိစ္စမှာ ခြိမ့်ကေကိုအနေနဲ့ ထိုးကျွေးခံခဲ့ရတာသာဖြစ်ပြီး အဓိကတာဝန်ရှိသူမှာ ပွဲစီစဉ်သူသာဖြစ်တယ်လို့ ဆိုလာခဲ့တာဖြစ်ပါတယ်
ဒိန်းဒေါင်က “ကျွန်တော်သူ့ကို ဒီကိစ္စတွေစဖြစ်လာကတည်းက ရှောင်မနေပဲ ရှင်းလိုက်ဖို့ ပြောထားပြီးသားပါ ကလေးကတော်တော်ရိုးသားတဲ့ကလေးပါ အဓိက ကျွန်တော်ပြောချင်တာက သူကဖျော်ဖြေဖို့သွားတဲ့ သူပါ ပွဲကိုစီစဉ်တဲ့ လူစုလူဝေးဖြစ်အောင် လုပ်တဲ့သူမဟုတ်ပါဘူး
ပွဲစီစဉ်သူကအကုန်တာဝန်ယူရတဲ့ ကိစ္စမှာ ဘနားနားကပါ ဝင်ပြီး ပုဒ်မ ၃၀ နဲ့ အရေးယူခံရတယ်ဆိုတာမဖြစ်သင့်ပါဘူး အဲ့ဒီ မြို့နယ်ကတာဝန်ရှိသူတွေကိုလည်း ပြောချင်ပါတယ် ကျွန်တော်ပြောတာ လူစုလူဝေးဖြစ်နေတယ်ဆိုတာကို အဲ့ဒီမြို့နယ်က အုပ်ချုပ်ရေးပိုင်းကလူတွေ မသိကြဘူးလား မတားကြဘူးလား ပေါ့ ဒါမှမဟုတ် ဖြစ်လာတော့မှ ခြိမ့်ကေကိုကိုပဲကျားစာကျွေးလိုက်တာလား ” လို့ ဒိန်းဒေါင်က ပြတ်ပြတ်သားသားပြောလာခဲ့တာပဲဖြစ်ပါတယ်
ဒိန်းဒေါင်ကတော့ လူမှန်တစ်ယောက်ပီပီ ပြတ်ပြတ်သားသားပြောလာခဲ့တာဖြစ်ပါတယ်နော် ဒိန်းဒေါင်ရဲ့ပြောဆိုမှုအပေါ် ပရိသတ်ကြီးရဲ့အမြင်ကို ပြောခဲ့ကြပါအုန်းနော်
Writer – Magic(Shwe Yaung Myanmar)
Photo Credit – Chaint K Ko’s Facebook