လူတွေတော်တော်များများ မသိကြသေးတဲ့ ပင်လယ်ထဲမှာ နေထိုင်တဲ့ ပိုးဟပ်ကြီး

ကြောက်စရာကောင်းတဲ့ပုံစံရှိပြီး ခြေချောင်း ၁၄ချောင်းရှိတဲ့ ပိုးဟပ်ကြီးကို စင်ကာပူနိုင်ငံ သုတေသနပညာရှင်တွေက အိန္ဒိယသမုဒ္ဒရာရဲ့အောက်ခြေမှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

Star Wars ဇာတ်ကားထဲက ဗီလိန်သတ္တဝါနဲ့ ခေါင်း မျက်လုံးတို့ဆင်တူနေတဲ့ ဒီသတ္တဝါကြီးကို’Bathynomus raksasa’လို့ အမည်ပေးခဲ့ပြီး စင်ကာပူနိုင်ငံအမျိုးသားတက္ကသိုလ်က သုတေသီတွေက ၂ပတ်ကြာ လေ့လာစစ်ဆေးခဲ့ကြပါတယ်။

သုတေသနပညာရှင်တွေဟာ ရေအောက်မှာ ရှာဖွေလေ့လာရာမှာ အနက်ဆုံး မီတာ ၂၁၀၀အထိ ရှာဖွေခဲ့ပြီး ပင်လယ်ကြမ်းပြင်အောက်က ဂဏန်း ၊ပုစွန်၊ ကြယ်ငါး ၊ဂျယ်လီငါး ၊တွားသွားပင်လယ်သတ္တဝါတွေ ၊ဆူးခွံမာသတ္တဝါတွေ၊ ရေမြှပ်ပင်လယ် သတ္တဝါအစရှိတဲ့ သတ္တဝါပေါင်း 12,000ကို ရှာဖွေတွေ့ရှိခဲ့ကြပြီး သိပ္ပံဆိုင်ရာစာပေတွေမှာ မှတ်တမ်းမတင်ထားတဲ့ သတ္တဝါ၁၂မျိုးကိုလည်း တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ပိုးဟပ်နဲ့ပုံစံတူနေတဲ့ Bathynomus raksasa
ကတော့ အခွံမာသတ္တဝါမျိုးဖြစ်ပြီး ရေနေသတ္တဝါများဖြစ်တဲ့ ဂဏန်းတို့ ပုဇွန်တို့နဲ့လည်း ဆင်တူနေပါတယ်။

ဒီပင်လယ်အောက်မှာနေထိုင်တဲ့ပိုးဟပ်ကြီးဟာ သေဆုံးသွားတဲ့ပင်လယ်သတ္တဝါတွေဆီကအကြွင်းအကျန်တွေကို စားသုံးပြီး အစားအစာမရှိဘဲလည်း အကြာကြီးရှင်သန်နိုင်တယ်လို့ သိရပါတယ်။

ဒီပိုးဟပ်ကြီးက ၅၀စင်တီမီတာအရှည်ရှိပြီး အေးမြတဲ့သမုဒ္ဒရာရဲ့ နက်ရှိုင်းတဲ့နေရာမှာပဲနေထိုင်တယ်လို့ဆိုပါတယ်။

ရွှေရောင်လမ်း ( Writer – LLA )
Source – Daily Mail