စွန့်ပစ်ခံရလို့ ကြွက်တွေကိုက်ပြီး ဆေးရုံရောက်နေတဲ့ ကလေးလေးနဲ့ပတ်သက်ပြီး ပြောပြလာခဲ့တဲ့ ခိုင်နှင်းဝေ

ခိုင်နှင်းဝေကတော့ ပရဟိတမင်းသမီးလို့ ပရိသတ်တွေခေါ်ဆိုရလောက်အောင် ပရဟိတအလုပ်တွေကို ဆက်တိုက်ဆောင်ရွက်နေသူတစ်ဦးပါ ခိုင်နှင်းဝေကတော့ Covid ကာလအတွင်းမှာလည်း ပရဟိတအလုပ်တွေ ဆက်တိုက် ဆောင်ရွက်နေတာကို တွေ့ရပါတယ်။


အဲဒီနောက် သူမရဲ့ ရင်သွေးလေးတွေရဲ့ ဂေဟာမှာလည်း ကလေးတွေကို ကိုယ်တိုင်စောင့်ရှောက်ပေးနေတယ်လို့ သိရပါတယ်။ ယနေ့မှာတော့ ခိုင်နှင်းဝေက အမှိုက်ပုံမှာ စွန့်ပစ်ခံရလို့ ကြွက်တွေကိုက်ပြီး ဆေးရုံ ရောက်နေရရှာတဲ့ ကလေးလေး
အကြောင်း စိတ်မကောင်းစွာ ပြောပြလာခဲ့တာပါ



ခိုင်နှင်းဝေက ” ဖြစ်တာကလှိုင်သာယာမှာဖြစ်တာ
ရပ်ကွက်ထဲကနေတွေ့တာ သူတို့က အမကိုဖုန်းဆက်ပြီး အကူအညီတောင်းတာပေါ့နော် ကလေးတစ်ယောက်ပစ်သွားတယ် ကလေးကလည်း ကြွက်တွေကိုက်ထားတယ်



အမှိုက်ပုံမှာ မတွေ့အောင်လို့ သစ်ရွက်တွေနဲ့ဖုံးပြီးပစ်ထားတာ အဲ့မှာတွေ့တော့ အမ ကိုဖုန်းဆက်ကြတာပေါ့နော် နှာခေါင်းတို့ နားရွက်တို့ပဲ့ထွက်သွားတယ်ပေါ့အဲ့လို အခြေအနေပေါ့ သူတို့ကလည်း အမကိုအားကိုးကြတယ်



ရပ်ကွက်က ပစ်တဲ့ အမေကို သိတယ်တဲ့ အဲ့ဒါကတော့ ရဲစခန်းနဲ့ ရပ်ကွက်က ဆက်လုပ်သွားလိမ့်မယ်၊ အမှုကိစ္စတွေတော့မပါဘူး။ ကလေးနုနုလေးကို ခြေထောက်လေးတွေ လက်ကလေးတွေ ကြွက်ကိုက်ထားတော့ ရောဂါပိုးတွေ အများကြီးဝင်နေနိုင်တယ် အခုတော့ဆေးရုံမှာပါ ကောင်းလာခဲ့ရင်တော့ အားလုံးတာဝန်ယူပေးသွားမှာပါ လို့ ဆိုလာခဲ့တာဖြစ်ပါတယ်



ခိုင်နှင်းဝေကတော့ စွန့်ပစ်ခံရလို့ ကြွက်တွေကိုက်ပြီး ဆေးရုံရောက်နေတဲ့ ကလေးလေးနဲ့ပတ်သက်ပြီး ပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော်

Writer -Magic( Shwe Yaung Myanmar)

Photo Credit Khine Hnin Wai