ထိုင်းနိုင်ငံ မှာပဲ ရှိတဲ့ အထူးဆန်းဆုံး နေရာ ၂၂ ခု အကြောင်း

ထိုင်းနိုင်ငံဟာ ခရီးသွားပြည်သူတွေအတွက် တစ်မူထူးခြားတဲ့ရသပေးစွမ်းနိုင်တဲ့ နေရာတစ်နေရာဖြစ်ပါတယ်။

thailandblogger

နေရာတစ်ဒေသတစ်ခုနဲ့တစ်ခု မတူညီမှုတွေထဲကမှ ထိုင်းနိုင်ငံကိုသွားရောက်ချင်တဲ့ ခရီးသွားတွေအတွက်အထူးအဆန်းဖြစ်စေမယ့်နေရာလေးတွေကို ဒီဆောင်းပါးလေးကနေ ဝေဝေဆာဆာဖော်ပြပေးလိုက်ပါတယ်နော်။

(၁) Corgi café ဆိုတဲ့ ကဖေးလေးကတော့ ခွေးချစ်သူ ခရီးသွားတွေ အာရုံစိုက်ခံရတဲ့နေရာလေးဖြစ်ပါတယ်။ အရသာရှိတဲ့အစားအစာတွေအပြင် ပိုင်ရှင်ဖြစ်သူရဲ့ ခွေးလေး၂ကောင်ကနေ မွေးလာတဲ့ ခွေးပေါက်လေး ၇ကောင်ကနေတစ်ဆင့် ပေါက်ဖွားလာတဲ့ ခွေးပေါက်လေးတွေနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့အချိန်လေးတွေကို ဖြတ်သန်းရမယ့်နေရာလေးဖြစ်ပါတယ်။

corgiinthegarden

(၂) ကော်ဖီသောက်ရတာကို နှစ်ခြိုက်ပေမယ့် အထူးအဆန်းလေးတွေကိုသဘောကျတတ်သူ ခရီးသွားတွေအတွက်လည်း ကိုယ့်Selfile ပုံလေးနဲ့ ကော်ဖီလေးကို မျက်စိအရသာခံသောက်သုံးနိုင်မယ့် KC Selfie ကော်ဖီဆိုင်လေးလည်းရှိပါတယ်။

pexels

(၃) ချင်းမိုင်မှာဆိုရင်လည်း ဂေဟစနစ်ကိုအကျိုးပြုတဲ့ စက္ကူလက်မှုဆင်ရုပ်လေးတွေကို ကိုယ်တိုင်ဖန်တီးနိုင်မယ့် လက်မှုပစ္စည်းဆိုင်လေးတွေလည်းရှိပါသေးတယ်။

(၄) သင်ဟာ ဧပြီလမှာထိုင်းနိုင်ငံကိုသွားဖို့ရွေးချယ်လိုက်ပြီဆိုရင်တော့ ရေသဘင်ပွဲမှာဆင်နွှဲခွင့်ရမယ့် အခွင့်အရေးကြီးကိုပိုင်ဆိုင်မှာဖြစ်ပါတယ်။ Songkran လို့အမည်ရတဲ့ရေသဘင်ပွဲဟာ ထိုင်းနိုင်ငံရဲ့နှစ်သစ်ကူးပွဲတော်ဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် ရေလောင်းရေပတ်ရင်း ပျော်ရွှင်မှုတွေကို တဝကြီးခံစားနိုင်မှာပဲဖြစ်ပါတယ်။

stock&people/EAST NEWS

(၅) ထိုင်းနိုင်ငံဟာ နတ်ကိုးကွယ်မှုခေတ်စားတဲ့နိုင်ငံတစ်နိုင်ငံဖြစ်တဲ့အတွက် ထိုင်းကိုရောက်ပြီဆိုရင် အသက်ဝင်နေသယောင်ထင်ရတဲ့အရုပ်လေးတွေကို ဝယ်ယူအားပေးနိုင်မှာပဲဖြစ်ပါတယ်။ ဒီအထဲကမှ ကလေးနတ်ရုပ်လေးတွေဟာ ခေတ်စားလျက်ရှိပြီး သူတို့အပေါ်ကောင်းကောင်းဆက်ဆံရင် စီးပွားတတ်တယ်ဆိုတဲ့အယူကြောင့် တချို့အိမ်တွေမှာဆိုရင် ကလေးထိန်းတစ်ယောက်ငှားပြီးတော့ပါ စောင့်ရှောက်ပေးကြတယ်လို့သိရပါတယ်။

AFP/EAST NEWS

(၆) လှပတဲဥယျာဉ်တွေ ရင်သပ်ရှုမောဖွယ်အဆောက်အဦးတွေနဲ့ ရှေးဟောင်းမြို့တော်ကိုလည်ပတ်ချင်တယ်ဆိုရင်တော့ Samut Prakan ဆိုတဲ့မြို့လေးက သင့်ကိုကြိုဆိုနေပါလိမ့်မယ်။ ရှေးခေတ်မူအတိုင်းတည်ဆောက်ထားတဲ့ သမိုင်ဝင်အဆောက်အဦး ၁၁၆ ခုကျော်ရှိပြီး ရှေ့ခေတ်ဗိသုကာလက်ရာတွေကိုလေ့လာခွင့်ရမယ့် နေရာကောင်းတစ်ခုဖြစ်ပါတယ်

kankankavee / instagram

(၇) သဘာဝကိုချစ်မြတ်နိုးသူတွေအတွက်တော့ Keemala မှာရှိတဲ့ အရောင်အသွေးစုံလင်တဲ့ငှက်လေးတွေနဲ့ သစ်ပင်အိမ်လေးတွေက သင့်ကိုကြိုဆိုနေမှာပဲဖြစ်ပါတယ်။ မနက်ခင်းယောဂလေ့ကျင့်လို့ရသလို Spa ဝန်ဆောင်မှုတွေ သဘာဝအသီးအရွက်တွေကို စားဖိုမှူးတွေရဲ့အကောင်းဆုံးလက်ရာနဲ့စားသုံးခွင့်ရမယ့် ဝန်ဆောင်မှုတွေလည်းပါဝင်ပါသေးတယ်။

keemalaphuket / instagram

(၈) အန္တရာယ်များတာကိုနှစ်သက်သဘောကျသူတွေအတွက်လည်း မီရထားလမ်းလယ်မှာ မုန့်စားတန်းရှိပါသေးတယ်။ မီးရထားလမ်းလယ်မှာ လတ်ဆက်တဲ့အသီးအနှံတွေကိုလည်းဝယ်ယူနိုင်သလို ရထားဖြတ်သန်းချိန်ရောက်ရင်ရှောင်ဖို့ကိုလည်းမေ့နေလို့မဖြစ်ပါဘူး။

Polaris/East News

(၉) ထိုင်းနိုင်ငံရဲ့အမျိုးမျိုးသောပြင်ဆင်မှုတွေနဲ့ ခရီးသွားတွေကိုဆွဲဆောင်နိုင်တဲ့အထဲက တစ်ခုကတော့ ” ကျွန်တော်တို့ရဲ့အစားအစာဟာ သင့်ကိုကိုယ်ဝန်မရစေနိုင်ပါဘူး” ဆိုတဲ့စားသောက်ဆိုင်တစ်ခုပဲဖြစ်ပါတယ်။ ဒီဆိုင်လေးရဲ့နာမည်ကတော့ “cabbage & condoms” လို့သိရပါတယ်။ရွှေရောင်လမ်း ( Writer – LLA )

Polaris/East News

(၁၀) မြို့တော် Bangkok ရဲ့ထူးခြားတဲ့ဟော်တယ်တစ်ခုကတော့ ထောင်သားအတွေ့အကြုံခံစားလိုသူတွေအတွက် ဖွင့်လှစ်ပေးထားတာပဲဖြစ်ပါတယ်။ ထောင်သားတစ်ဦးရဲ့ဘဝကိုသိရှိလိုသူတွေအတွက် သံတန်းနောက်ကွယ်က ဘဝတစ်ခုကို ခဏတာပိုင်ဆိုင်သွားရအောင် ပြင်ဆင်ထားတာတွေကလည်း တကယ့်ကိုအမိုက်စားလို့ဆိုရမှာပါပဲ။

ngenorganizer

(၁၁) ချိစ်ကောင်းကောင်းလေးနဲ့ဖန်တီးပေးထားတဲ့ “Happy Cheese Toast”လို့အမည်ရတဲ့ ပေါင်မုန့်ကင် ခပ်ကြွပ်ကြွပ်လေးကလည်း Istagram မှာpost တင်ပြီးကြွားလို့ကောင်းတဲ့ အစားအစာတစ်ခုပဲဖြစ်ပါတယ်။

(၁၂) နောက်ထပ် ထူးခြားတဲ့နေရာလေးကတော့ Lopburi လို့ခေါ်တဲ့ မျောက်မြို့က မျောက်တွေအတွက်ပြင်ဆင်ပေးထားတဲ့ ဘူဖေးပွဲတော်ပဲဖြစ်ပါတယ်။ အသီးအနှံအစုံအလင်ခင်းကျင်းထားတဲ့ မျောက်တွေရဲ့ဘူဖေးပွဲတော်ဟာ ထိုင်းရိုးရာပုံပြင်တွေအရဆင်းသက်လာတာဖြစ်ပြီး ဒေသခံမျောက်တွေရော ကြည့်ရှုသူတွေပါပျော်မြူးရတဲ့ပွဲလေးဖြစ်ပါတယ်။

AFP/EAST NEWS

(၁၃) Wat Pa Maha Chedi Kaew ဆိုတဲ့ဘုရားကျောင်းကတော့ ပြန်လည်အသုံးပြုရတဲ့ဖန်ပုလင်းတွေနဲ့တည်ထားတာဖြစ်ပါတယ်။ မြို့ခံလူတွေ ပုလင်းခွံတွေကိုရေထဲလွှင့်ပစ်ကြတဲ့အတွက် ရေထုညစ်ညမ်းမှာစိုးရိမ်တဲ့ ဗုဒ္ဓဘာသာဘုန်းကြီးတွေကနေ ဒီပုလင်းတွေကို စုဆောင်းကာ ဆင်းထုတော်တည်ထားခဲ့ကြတာပဲဖြစ်ပါတယ်။

(၁၄) နောက်ထပ်စိတ်ဝင်စားစရာတစ်ခုကတော့ အဆောင်လက်ဖွဲ့စျေးပါပဲ။ ဒီစျေးမှာဆိုရင်တော့ ကံကောင်းစေမယ့်အဆောင် ဘေးကင်းစေမယ့် အဆောင် ကျန်းမာစေမယ့် အဆောင် စတဲ့အဆောင်လက်ဖွဲ့အမျိုးမျိုးကို ဝယ်ယူလို့ရမှာပဲဖြစ်ပါတယ်

(၁၅) နောက်ထပ်ထူးဆန်းတာကတော့ အင်းဆက်ပိုးမွှားတွေကို ဥရောပစတိုင်လှပစွာပြင်ဆင်ချက်ပြုတ်ထားတဲ့ဟင်းလျာတွေကို လှလှပပခင်းကျင်းရောင်းချတဲ့စားသောက်ဆိုင်တွေပဲဖြစ်ပါတယ်။ ဒါတွေကိုတော့ လူတိုင်းမမြည်းစမ်းရဲကြပါဘူး။ရွှေရောင်လမ်း ( Writer – LLA )

insectsinthebackyard

(၁၆) ဒေးဗစ်ဘက်ခမ်းကျောင်းတိုက်လို့ နာမည်ရနေတဲ့ Wat Pariwat ဆိုတဲ့ဗုဒ္ဓဘာသာဘုရားကျောင်းတစ်ခုကတော့ ဘောလုံးပရိသတ်တွေကို ကောင်းကောင်းဆွဲဆောင်နိုင်တဲ့နေရာတစ်ခုဖြစ်ပါတယ်။ ထိုကျောင်းတိုက်ကဘုန်းကြီးတွေဟာ မန်ယူဖန်တွေဖြစ်ပြီး ဘက်ခမ်းဟာမန်ယူအသင်းမှာမကစားတော့ပေမယ့် ဘက်ခမ်းရဲ့ပုံကိုတော့ထားရှိဆဲပဲဖြစ်ပါတယ်။

phuketchup

(၁၇) Yi Peng ဆိုတဲ့မီးထွန်းပွဲတော်လေးကတော့ စိတ်ကူးယဉ်ဆန်ဆန်လှပတဲ့ပွဲတော်လေးပဲဖြစ်ပါတယ်။ ဒီပွဲမှာဆိုရင်တော့ လူတွေဟာ သူတို့ရဲ့ဆန္ဒလေးတွေကို မီးပုံးပေါ်မှာချရေးပြီး ကောင်းကင်ကိုလွှတ်တင်ကာဆုတောင်းရင်းဖြင့် သူတို့ရဲ့ဆန္ဒတွေပြည့်ဝမယ်လို့ ယုံကြည်ကြပါတယ်။ ရွှေရောင်လမ်း ( Writer – LLA )

passeios-tailandia

(၁၈) 1999 ခုနှစ်က မီးလောင်သွားပြီး စွန့်ပစ်ထားကြတဲ့မောလ်ကြီးဟာ မိုးရေတွေကြောင့် အင်းဆက်ပေါက်ဖွားမှုမြင့်တက်ခဲ့ပါတယ်။ ဒါကိုကာကွယ်ဖို့ ထိုရေတွေထဲ အင်းဆက်တွေကိုစားသုံးတဲ့ငါးတွေထည့်ထားရာမှ အခုအချိန်မှာ ခရီးသွားတွေရဲ့ အာရုံစိုက်မှုကိုရရှိထားတဲ့နေရာတစ်နေရာဖြစ်လာပါတယ်။ဒီနေရာမှာတော့ ငါးတွေကိုအစာကျွေးရင်း ထူးခြားတဲ့ပတ်ဝန်းကျင်တစ်ခုကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။

pichapen

 

(၁၉) နောက်ထပ်ထူးဆန်းတဲ့ဟော်တယ်တစ်ခုကတော့ အသီးတွေရဲ့ပုံစံဖန်တီးထားတဲ့ဟော်တယ်ပဲဖြစ်ပါတယ်။ နာနတ် နဂါးမောက် ဒူးရင်း မှို ဝါး စတဲ့အသီးလေးတွေထဲဝင်ရောက်ရင်းတည်းခိုနိုင်မယ့်ဟော်တယ်လေးကတော့ ရေတံခွန်နဲ့တောင်တွေရဲ့အနီးတည်ရှိတယ်လို့သိရပါတယ်။

yuri_fedorov88

(၂၀) နောက်ထပ်ထူးဆန်းတာလေးကတော့ မုန့်တွေအများကြီး သယ်ပြီးလမ်းလျှောက်ရင်း ရှုခင်းခံစားချင်သူတွေအတွက် ကောက်ရိုးလေးနဲ့ မုန့်ပန်းကန်တွေကိုတွယ်ဆက်ပေးတဲ့ Ba Ba Liu ဆိုတဲ့ စားသောက်ဆိုင်လေးပဲဖြစ်ပါတယ်။ ဒီလိုတွယ်ဆက်ထားမှုကြောင့် မုန့်အများကြီးကို လက်နဲ့တစ်နိုင်သယ်ယူရင်း သွားလာလို့ရမှာပဲဖြစ်ပါတယ်။

bi66i3_io3

(၂၁) ခရီးသွားတွေစိတ်ဝင်စားကြတဲ့အရာထဲကတစ်ခုကတော့ ရေပေါ်စျေးပဲဖြစ်ပါတယ်။ မနက်ခင်းစောစောရောင်းချကြတဲ့စျေးမှာ သင်ကိုယ်တိုင်လှေလေးစီးရင်း စျေးဝယ်လို့ရမယ့် အခွင့်အရေးကို ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။ ရွှေရောင်လမ်း ( Writer – LLA )

(၂၂) ကမ္ဘာပေါ်မှာ ငှက်ပျောသီးအမျိုးအစား ၃၀၀ရှိတဲ့အနက် ၂၂မျိုးဟာ ထိုင်းနိုင်ငံမှာပေါက်ရောက်ပါတယ်။ ထိုင်းနိုင်ငံပြည်သူတွေဟာ ငှက်ပျောသီးစားရုံမကဘဲ ငှက်ပျောရွက်နဲ့ပစ္စည်းတွေကိုထုတ်ပိုးအလှဆင်ကြရုံသာမက ငှက်ပျောရွက်ကိုသုံးကာ လက်မှုအနုပညာပစ္စည်းလေးတွေကိုလည်းပြုလုပ်ကြပါတယ်။

spunoz / imgur

ဒီလောက်ဆိုရင်တော့ ထိုင်းနိုင်ငံတစ်ဝှမ်းလည်စရာပတ်စရာတွေ ထူးထူးဆန်းဆန်းအရာလေးတွေကို ပရိသတ်ကြီးအနည်းနဲ့အများတော့ တီးခေါက်မိပြီထင်ပါတယ်။ နောက်ကိုလည်း ဒီလိုစိတ်ဝင်စားဖွယ်အကြောင်းအရာလေးတွေကိုရှာဖွေတင်ဆက်ပေးသွားဦးမှာဖြစ်ပါတယ်။

ရွှေရောင်လမ်း ( Writer – LLA )
Source – BrightSide / Photo – Original