ဘာသာရေးကိုင်းရှိုင်းလှတဲ့ အဖေဖြစ်သူရဲ့မွေးနေ့မှ အမွန်််မြတ်ဆုံး ဆုတောင်းလေးတစ်ခုကို ဆုတောင်းပေးခဲ့တဲ့ စိုးပြည့်သဇင်

စိုးပြည့်သဇင်ဟာ အသက် ၁၃ နှစ်ကတည်းက အနုပညာလောကထဲကို စတင် ဝင်ရောက်ခဲ့သူပါ။ အသက် (၁၈) နှစ်မှာတော့ ပထမဆုံးအကြိမ် အကယ်ဒမီဆု ရရှိခဲ့ပါတယ်။



သူမဟာ သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပိုင်းမှာလည်းပရိသတ်အားပေးမှုရရှိထားသူ ဖြစ်ပြီး ချစ်သူရွေးမယ်တေးစီးရီးနဲ့ အချစ်ကို ရှာဖွေတွေ့ရှိခြင်း ဆိုတဲ့ တေးစီးရီးတွေထွက်ရှိထားပါတယ်။


ဒီကနေ့ ဇန်နဝါရီလ (၅) ရက်နေ့ကတော့ စိုးပြည့်သဇင်ရဲ့ အချစ်ဆုံးဖေဖေ မွေးနေ့လေးပဲဖြစ်ပြီး စိုးပြည့်က ဖေဖေ့အတွက် “Happy birthday ပါဖေကြီးရေ…..သမီးတို့မိသားစုရဲ့မဟာတံတိုင်းကြီး….မိသားစုကိုအရမ်းချစ်ပြီးစေတနာထားတဲ့ဖေကြီး…..ဖေကြီးပြောဖူးတယ်…..သမီးကိုဒီဘဝတစ်ခုထဲမဟုတ်ဘူးတဲ့…



သံသရာမှာပါငါ့သမီးလေးကိုကောင်းစေချင်တယ်ဆိုပြီး…ငယ်ငယ်လေးထဲက…အပါယ်ကျနိုင်တဲ့အကြောင်းတရားတွေကိုမလုပ်မိစေဖို့…..ဗုဒ္ဓဘာသာဝင်စစ်စစ်ဖြစ်စေဖို့အတွက်…အသိညာဏ်တွေရှိလာအောင်..သံသရာမှာကောင်းဖို့အတွက်ပါတွေးပြီးသင်ကြားပေးခဲ့ပါတယ်….”



“သမီးအတွက်အရှေ့မှာအမြဲတမ်းကာကွယ်ပေး…ဆုံးမပေး..ဘယ်သွားသွားကိုယ်တိုင်လိုက်ပို့ပေး…အနားမှာအမြဲမားမားမတ်မတ်ရှိတဲ့ကျေးဇူးရှင်ဖေကြီး…သက်ရှည်ကျန်းမာပါစေ….သမီးတို့မိသားစုအနားမှာ…အသိပညာတွေပေးရင်း….ကျန်းမာစွာချမ်းသာစွာဖြင့်…ဖေကြီးအရမ်းလိုချင်တဲ့….မြတ်သောနိဗ္ဗာန်ချမ်းသာကို..ယခုဘဝမှာဘဲမျက်မှောက်ပြုနိုင်ပါစေ🙏🙏🙏🥰🥰❤️❤️❤️ချစ်တယ်ဖေဖေ❤️❤️❤️❤️” ဆိုပြီး အမွန်မြတ်ဆုံး မွေးနေ့ဆုမွန်ကောင်းတောင်းပေးလာခဲ့ပါတယ်။



စိုးပြည့်သဇင်ကတော့ သူမရဲ့ အဖေအတွက် ဆုမွန်ကောင်းတောင်းပေးခဲ့တာပဲဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်

Writer – Magic(Shwe Yaung Myanmar)

Photo Credit SOE Pyae Thazin