နိုင်ငံခြားမှာတာဝန်ကျနေတဲ့ ဒေါက်တာချောချောလေးနဲ့ချစ်သူဖြစ်ပြီးမှ အပြင်းအထန်ဝေဖန်တိုက်ခိုက်ခံလိုက်ရတဲ့ မေမီကိုကို

ပရိသတ်ကြီးရေ မေမီကိုကိုကတော့ MRTV – 4 ရုပ်သံဇာတ်လမ်းတွဲတွေကနေ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိထားတဲ့ ပရိသတ်အချစ်တော်တစ်ယောက်ပဲဖြစ်ပါတယ်။

ချစ်စရာကောင်းပြီးရိုးသားပွင့်လင်းလွန်းလှတဲ့ မေမီလေးကတော့ သူ့ရဲ့အချစ်ရေးနဲ့ပတ်သက်လို့လည်း ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းနဲ့ ချပြလာခဲ့တာပါ

မေမီကိုကိုက သူမရဲ့ ချစ်သူ ဒေါက်တာ ကျော်ဇောဟိန်းနဲ့ Relationship ချိတ်ပြီး ပရိသတ်တွေကို အသိပေးခဲ့တာဖြစ်ပြီး အဲ့ဒီနောက်မှာတော့ ဝေဖန်တိုက်ခိုက်မှုတွေကိုရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး မေမီကိုကိုက “ဒေါက်တာလို ပညာတတ်ချောချောလေးနဲ့ နင့်ရုပ်နဲ့ တန်ရဲ့လား”ဆိုတဲ့ ရင့်သီးပြင်းထန်တဲ့စကားတွေနဲ့ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး အကောင့်တုနဲ့တိုက်ခိုက်ခံနေရကြောင်း Screenshot နဲ့တကွ ပရိသတ်တွေကို မျှဝေပေးခဲ့တာဖြစ်ပါတယ် ။

“So sad နော် ပြောချင်ရင်လည်း reply ပြန်တာလေးတော့စောင့်ဦးလေး ဘာတွေ အဲ့လောက်ကြောက်နေတာလဲ အကောင့်တုနဲ့ဘလော့ပြီး အကောင့်အစစ်နဲ့ပြန်ကြည့်မဲ့အစ်မအတွက် “ဆိုတဲ့စာသားနဲ့အတူ သူမကို တိုက်ခိုက်နေတဲ့ အကောင့်တုက လာပြောထားတဲ့ စကားတွေကို သူမရဲ့ လူမှုကွန်ယက်မှာတင်ထားခဲ့တာပါ

မေမီကိုကိုကတော့သူမရဲ့ လက်တွဲဖော်ကို ချပြခဲ့ရာမှာ ဝေဖန်တိုက်ခိုက်ခံရမှုတွေရှိလာခဲ့တာပဲဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်နော်

Writer – Magic(Shwe Yaung Myanmar)