ဘာပဲလုပ်လုပ် သမီးငယ်လေးကို ပွေ့ချီထားတဲ့ ဖခင်

၂၁ရာစုခေတ်မှာ သာမာန်မိသားစုတစ်စုရဲ့ စားဝတ်နေရေးအဆင်ပြေစေဖို့အတွက် အဖေရော အမေပါ စီးပွားထွက်ရှာကြရတာများပါတယ်။

တစ်ယောက်တစ်လှည့်စီ အလှည့်ကျသားသမီးကို စောင့်ရှောက်နိုင်ရင်ကိစ္စမရှိပေမယ့် တစ်ဦးတစ်ယောက်တည်းကပဲ စီးပွားရှာ အိမ်မှုကိစ္စလုပ် သားသမီးကိုပြုစုစောင့်ရှောက်ရမယ်ဆိုရင်တော့ မလွယ်လှပါဘူး။

Visit Cianjur အမည်ရှိတဲ့ Instragram account တစ်ခုက မျှဝေလာခဲ့တဲ့ဗီဒီယိုလေးတစ်ခုမှာ မြင်တွေ့ရတဲ့မြင်ကွင်းလေးကတော့ တကယ့်ကိုရင်နင့်စရာပါပဲ။

ဒီဗီဒီယိုလေးထဲမှာ အမျိုးသားတစ်ဦးက သမီးငယ်လေးကိုပွေ့ချီကာ အလုပ်ကိုစဉ်ဆက်မပြတ်လုပ်ကိုင်နေတာကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ ထိုအမျိုးသားဟာ အင်ဒိုနီးရှားနိုင်ငံမှာနေထိုင်သူတစ်ဦးဖြစ်ပြီး ဇနီးသည်သေဆုံးသွားပြီးနောက် ဝမ်းရေးအတွက်ရော ကလေးထိန်းဖို့ပါ တာဝန်ယူနေရသူဖြစ်ပါတယ်။

သမုဒ္ဒရာဝမ်းတထွာအတွက် အလုပ်ကိုမနားမနေလုပ်နေရပေမယ့် သမီးလေးကို အောက်လုံးဝမချဘဲ တစ်ခါတစ်ရံပွေ့ချီထားလိုက် တစ်ခါတစ်ရံ ကျောပိုးထားလိုက်နဲ့လုပ်ကိုင်နေပုံက ကြည်နူးစရာကောင်းသလို ရင်နင့်စရာလည်းကောင်းလှပါတယ်။

တကယ့်ကို နှလုံးသားအတွင်းပိုင်းအထိနက်နက်ရှိုင်းရှိုင်းခံစားရတဲ့ ဖခင်မေတ္တာပါပဲ။ ဒီဗီဒီယိုလေးဟာ ခဏလေးအတွင်း အင်တာနက်တစ်ခွင်ပျံ့နှံ့သွားခဲ့ပြီး လူအများကလည်း ဒီဗီဒီယိုလေးထဲက လေးစားဖို့ကောင်းလှတဲ့ ဖခင်ရဲ့မေတ္တာကို ချီကျူးခဲ့ကြပါတယ်။

ရွှေရောင်လမ်း ( Writer – LLA )
Photo – Original