
ဟာသလူရွှင်တော်ဖြစ်ရုံသာမကဘဲ သရုပ်ဆောင်အနေနဲ့ပါ နှစ်ပေါင်းအတော်ကြာ ရပ်တည်လျက် ရှိနေသူကတော့ သရုပ်ဆောင် ဒိန်းဒေါင်ပဲ ဖြစ်ပါတယ်။ သူဟာ ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးမှုတွေကို များစွာရရှိထားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။
ဦးဒိန်းဟာပရဟိတအလုပ်တွေကိုလည်း အားတက်သရောလုပ်လွန်းတာကြောင့် ပရိသတ်တွေပါ လက်ဖျားခါချီးကျူးနေကြတာဖြစ်ပါတယ်။
ဒီနေ့မှာတော့ ဒိန်းဒေါင်က သူ့ကို Wavemoney. call Center ဖုန်းနံပါတ်အတုနဲ့ လာလိမ်ဖို့ ကြိုးစားခဲ့တဲ့အကြောင်း ပြောပြလာခဲ့တာပါ
ဒါကတော့ Wave Money အယောင်ဆောင်ပြီး ဆုငွေ ၁၀ သိန်း ရရှိတယ်လို့ပြောကာ သူရဲ့ မှတ်ပုံတင်ကို တောင်းနေခဲ့တာကြောင့် မယုံလို့ ဖုန်းဆက်မေးကာမှ မဟုတ်ဘူးလို့ ပြန်ဖြေလို့ အတော်လေး ဒေါသထွက်နေခဲ့တာပါ။
ဒိန်းဒေါင်ကလည်း သူရဲ့ ဖေ့ဘွတ်စာမျက်နှာထက်မှာ ဖုန်းနံပါတ်နဲ့အတူ တစ်ဖက်က ပို့ထားတဲ့ စာသားတွေကို တင်ကာ ” များများရှဲပေးကြပါဖုန်းဆက်မေးတော့မဟုတ်ဘူးတဲ့ဒီနံပတ်ကဘယ်နှစ်ခုရှိတာလဲကလိမ်ကကျစ်တွေ ” ဆိုပြီး လူမှုကွန်ယက်မှာ ရေးသားလာခဲ့တာဖြစ်ပါတယ်
ဒိန်းဒေါင်ကတော့ Wave Money ဖုန်းနံပါတ်အတုနဲ့ သူ့ထံမှ ငွေ လိမ်ဖို့ကြိုးစားခဲ့တဲ့အကြောင်း အများသိအောင်ပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး သိရှိနိုင်စေဖို့ တင်ဆက်ပေးလိုက်ရပါတယ်နော်
Writer – Magic(Shwe Yaung Myanmar)
Photo Credit – Dain Daung