
ဟာသလူရွှင်တော်ဖြစ်ရုံသာမကဘဲ သရုပ်ဆောင်အနေနဲ့ပါ နှစ်ပေါင်းအတော်ကြာ ရပ်တည်လျက် ရှိနေသူကတော့ လူရွှင်တော် ငြိမ်းချမ်းပဲ ဖြစ်ပါတယ်။ သူဟာ ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးမှုတွေကို များစွာရရှိထားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။
ဦးငြိမ်းချမ်းဟာ မကြာသေးတဲ့ လပိုင်းအချိန်လောက်က လေဖြန်းသွားခဲ့တာဖြစ်ပြီး ဒီကနေ့ နံနက်မှာတော့ သက်သာသွားပြီဆိုတဲ့အကြောင်းပြောလာခဲ့ပါတယ်။
” လေဖြန်းသွားတဲ့ လူရွှင်တော် ဦးငြိမ်းချမ်း ပြန်ကောင်းသွားပီဗျာ အနုပညာလုပ်ငန်းတွေနဲ့ ပရဟိတအလုပ်တွေပြန်လုပ်ရန်အသင့်ပါ ၊ ဦးငြိမ်းချမ်း ကျန်းမာရေးပြန်လည်ကောင်းသွားပါပြီ အနုပညာလုပ်ငန်းများနှင့် ပရဟိတအလုပ်များပြန်လည်လုပ်ဆောင်ရန်အသင့်ပါ ” ဆိုတဲ့ စာသားလေးနဲ့အတူ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။
ဝါရင့်လူရွှင်တော်ကြီး ဦးငြိမ်းချမ်းရဲ့ ကောင်းသတင်းဖြစ်တာကြောင့် ချစ်ရတဲ့ ပရိသတ်တွေ သိရှိစေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်……။
Writer – Magic(Shwe Yaung Myanmar)
Photo Credit Nyein Chan’ s Facebook