Live မှာဖင်လှန်ပြလို့ အမေဆူတာခံရတဲ့အကြောင်း ပြောပြလာတဲ့ မိုးအောင်ရင်

ဆယ်စုနှစ်ကျော်တိုင်အောင် ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားပေါင်းများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးမှုတွေကို ရရှိထားသူကတော့ သရုပ်ဆောင် မင်းသားချောလေး မိုးအောင်ရင်ပဲ ဖြစ်ပါတယ်။



လူငယ်ဆန်ဆန်ဖက်ရှင်လေးတွေကို ရွေးချယ်ဝတ်ဆင်တတ်တာကြောင့်လည်း မိန်းကလေးပရိသတ်တွေက ကြွေနေကြတာပါ။



မိုးအောင်ရင်ဟာ လတ်တလော အနုပညာလှုပ်ရှားမှုတွေ မရှိသေးတာကြောင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုကို လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။


ယခုရက်ပိုင်းမီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့ မိုးအောင်ရင်က Live မှာဖင်လှန်ပြလို့ အမေဆူခံရတဲ့အကြောင်း ပြောပြလာခဲ့တာဖြစ်ပါတယ်



မိုးအောင်ရင်က ” “Live မှာ ဖင်လှန်ပြခဲ့မိလို့ အမေက စိတ်ဆိုးပြီး Live ထပ်မလွှင့်ဖို့ အထိ ပြောခံရတယ်။ အမေ နဲ့ သိပ်စကား မပြောရဲသေးဘူး။ Live မှာ ပရိသတ်တွေ ရဲ့ Comment တွေ ပြန်ဖတ်ပြီး ပျော်ရပါတယ်။ ကိုယ် ရှက်လိုက်ရတာက တစ်ခဏပါ.. ပရိသတ်တွေ ကျေနပ် သွားရင် ပျော်ပါတယ်” လို့ ပြောလာခဲ့တာဖြစ်ပါတယ်



“ကျွန်တော်က Live. လွှင့်ရင်း ဒီ Post က 2K ရရင် ဖင်ကိုင်ပြမယ်ဆိုပြီးနောက်လိုက်တာပါ အဲဒါကို 3 K လောက်အထိ ချက်ချင်းကြီး တက်သွားတော့ ကွိုင်ပြီဆိုပြီး တွေးလိုက်သေးတယ် နောက်တော့ ဖင်ကိုင်ပြတာပဲဘာမှမဖြစ်ပါဘူးကွာ တော်ကြာ ပရိသတ်တွေ စိတ်ဆိုးနေပါဦးမယ်ဆိုပြီး လုပ်ဖြစ်သွားတာပါလို့ ဆက်လက်ပြောပြလာခဲ့တာပါ


မိုးအောင်ရင်ကတော့ Live မှာဖင်လှန်ပြလို့ အမေဆူခံရတဲ့အကြောင်း ပြောပြလာခဲ့တာဖြစ်ပါတယ်​နော် အဆုံးထိဖတ်ရှုပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်

Writer – Magic (Shwe Yaung Myanmar)
Photo Credit – Moe Aung Yin