ရခိုင်လူမျိုးဖြစ်ပြီးမြန်မာမိန်းကလေးကိုလက်ထပ်ယူခဲ့တာကြောင့်ဝေဖန်တိုက်ခိုက်မှုတွေများစွာခံနေရတဲ့အကြောင်း ရင်ဖွင့်လာတဲဲ့ သရုပ်ဆောင် ဘုန်းလျှံ

ရုပ်ရှင်သရုပ်ဆောင်ဘုန်းလျှံကတော့ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပြီး ချစ်ရတဲ့မိန်းကလေးနဲ့လည်း နှစ်ကိုယ်တူဘဝလေးကို တည်ဆောက်လိုက်တာဖြစ်ပါတယ်။



ဘုန်းလျှံက မင်းသားချောခန့်စည်သူတို့နဲ့အတူ လုပ်အားဒါန၊ငွေကြေးဒါနပါဝင်ပြီး အလှူအတန်းတွေလုပ်ဆောင်နေတာဖြစ်ပါတယ်နော်။ဘုန်းလျှံတို့ဇနီးမောင်နှံနှစ်ယောက်က ကိုယ်ပိုင်စီးပွားရေးလေးဖြစ်တဲ့ စားသောက်ကုန်လုပ်ငန်းကိုလည်း တွင်ကျယ်အောင် ကြိုးစားနေတာဖြစ်ပါတယ်။


 မကြာသေးခင်နာရီပိုင်းလောက်ကလည်း  ဘုန်းလျှံရဲ့လူမှုကွန်ယက်စာမျက်နှာမှာ  ရခိုင်လူမျိုးဖြစ်ပြီးမြန်မာမိန်းကလေးကိုလက်ထပ်ယူခဲ့တာကြောင့်ဝေဖန်တိုက်ခိုက်မှုတွေများစွာခံနေရကြောင်းရင်ဖွင့်ပြောပြလာတာပဲ  ဖြစ်ပါတယ်။



ဘုန်းလျှံက “အင်တာဗျူးမှာ.မီးလို့ပွင့်ပွင့်လင်းလင်းဖြေလိုက်မိပါရေ.ကျွန်တော်ကို့.အမြဲတမ်းနှောက်ယှက်နီကတ်စွာကိုတယောက်လဲမသိကတ်ပါ..အားနီလို့အားအားယားယားဖြေနိစွာလဲမဟုတ်ပါ..ရခိုင်တိုင်းကိုလဲရည်ရွယ်ပြောဆိုနိစွာလဲမဟုတ်ရပါ…



နှောက်ယှက်နီကတ်တေလူတိကိုရည်ရွယ်ရစွာပါ.​ကျွန်တော်ပြောစွာမှာမိုက်ရိုင်းဆဲဆိုစွာတခုလဲမပါ..ပါ.အားအားယားယားပြသာနာကိုကြီးအောင်မလုပ်စွာကောင်းကတ်ပါဖို့…ကျွန်တော်ဇာဖြစ်လို့နှောက်ယှက်တေလူတိကိုပြောရလဲဆိုကေ..


1…ကျွန်တော်.online မှာစျေးရောင်းရေ..အော်ဒါမမှာပဲဖုန်းဆက်ပနာအကိုမယားဇာလူမျိုးလဲ.ဇာဖြစ်လို့ယူလဲ.အမြဲတမ်းဖုန်းဆက်ပနာနှောက်ယှက်တေ.


2..fb CB မှာ.အကိုရခိုင်မဟုတ်ပါလား.ဦးနှောက်မရှိပါလား..အကို့မယားကိုဇာဖြစ်လို့ယူလဲ..


3.fb.comments မှာရီးကတ်တေ..မွေးရစွာဝမ်းရီဆာရေလတ်..သူမွေးစွာလား.ကျွန်တော့အမိမွေးစွာလား..ရခိုင်ကိုလာကေ..လိုက်သတ်ဖို့.လာဝံ့ကေလာလတ်..ကိုယ့်မွေးရပ်မြေကို.လာဖို့စွာတောင်လာလို့မရဗျယ်လားပြောကတ်ပါဦး



3.fb.comments တိမှာထပ်ရီးကတ်တေ..ထောင်ထဲဝင်ခါ.ပြန်လွတ်ဖို့ဆုတောင်းပီးကတ်တေ..ကျေးဇူးတင်ပါရေ..ပြန်ထွက်လာရေခါ ဗမာမကိုယူပြီးကေ.ကျေးဇူးဆပ်စွာလားတဲ့..ဆုတောင်းပီးလို့ကျေးဇူးတင်ပါရေ..ယေကေလဲ့..ဆုတောင်းတိုင်းနေ့ချင်းညချင်းလွတ်လာစွာတော့မဟုတ်.ကိုယ့်ပြစ်ဒဏ်ကို.ကျေအောင်.7 နှစ် နဲ့.3 လ ပီးဆပ်ပြီးထွက်လာစွာပါ…


လွတ်ငြိမ်းချမ်းသာနဲ့လွတ်စွာကလဲ.ဘုန်းလျှံ မို့.လွတ်စွာမဟုတ်..ပြစ်ဒဏ်ကို.4ပုံ.3 ပုံပီးဆပ်ပြီးလို့.လွတ်စွာပါ.ယေကလဲ့ဆုတောင်းပီးကတ်စွာကိုကျေးဇူးတင်အသိအမှတ်ပြုပါရေ..ယောချင့်ကို.ထောင်ထဲမှာပဲနီဖို့ကောင်းပါရေလတ်.ပြေကတ်စွာ…အဓိပ္ပါယ်မရှိရေစကားတိကိုပြောပီးကေ.မနှောက်ချက်ကတ်ပါကေ့..ကျွန်တော့မယားကိုကျွန်တော်ချစ်လို့ယူရေ.ကျွန်တော်နဲ့ပေါင်းရဖို့စွာ.ကျွန်တော်ရှာကျွေးရပါဖို့စွာယာ.ကျွန်တော်ထောင်ထဲမှာ.အမြဲတမ်းမပြတ်လာတွေ့စွာ.ကျွန်တော့အဖေ..အမေ.နဲ့.ဗမာသူငယ်ချင်း ထိန်ဝင်းနောင်ပါ.


အခုဘဝတခုကိုကောင်းကောင်းမွန်မွန်ရပ်တည်ပြီးကေလျှောက်နီစွာမှာ.အကောင်းမွန်ဆုံးယာအားပီးစီချင်ပါရေ..ဘဝမှာလူ့ငရဲမှာလဲအကြာကြီးနီပြီဗျယ်.အခုပိုင်ဆဲနီစွာလောက်ကို.တခုလေ့မဖြစ်.ယေကေလေ.အမျိုးရို့.အမှန်တရားကိုသိအောင်.ပြောပြရဖို့.မဟုတ်ကေ.အထင်လွဲဖို့..ပြောနီ.နှောက်ယှက်နီကတ်တေလူတိလဲ.FB မှာအချိန်ကုန်..သူများအကြောင်းစိတ်ဝင်စားဖို့အစား.ကိုယ့်မိသားစု.စားဝတ်နီရေး.ကျန်းမာရေး.အရေးကြီးရေကိစ္စတိကိုရာစိတ်ဝင်စားစီချင်ပါရေ..ဘဝကိုအကောင်းဆုံးအဓိပ္ပါယ်ရှိရှိရပ်တည်ချင်ပါရေ….သူများလားနီရေလမ်းကြောင်းမှာ.ထမ်းမဖို့ကေတောင်မှ.ဖြုတ်မချစီချင်ပါ..အားလုံးကျေးဇူးတင်ပါရေ…ဘုန်းလျှံ ” ဆိုပြီး ရေးသားထားတာပဲဖြစ်ပါတယ်နော်


ဘုန်းလျှံကတော့ ရခိုင်လူမျိုးဖြစ်ပြီးမြန်မာမိန်းကလေးကိုလက်ထပ်ယူခဲ့တာကြောင့်ဝေဖန်တိုက်ခိုက်မှုတွေများစွာခံနေရတဲ့အကြောင်း ရင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီးရဲ့အမြင်ကိုလည်း ပြောခဲ့ကြပါအုန်းနော်

Writer – Magic(Shwe Yaung Myanmar)

Photo Credit – Phone Hlyan’s Facebook