သမီးဖြစ်သူ The Voice သီချင်းဆို ပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့တဲ့ အပေါ် သူ့ရဲ့ အမြင်ကို ပြောပြလာတဲ့ ဒေါ်သက်သက်ခိုင်

G( ခေါ် ) သက်ရတနာကျော်ဝင်း ဟာ The Voice Myanmar (Season 3) Blind Auditions သီချင်းဆိုပြိုင်ပွဲမှာ “It Will Rain” သီချင်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေကြား လူသိများလာခဲ့တာဖြစ်ပါတယ်



သူမဟာ The Voice Myanmar ပြိုင်ပွဲမှာ အောင်မြင်မှုမရရှိခဲ့ပေမယ့် သူမရဲ့ ရိုးသားမှုနဲ့ ပရဟိတစိတ်ဓာတ်ကြောင့် ပရိသတ်တွေရဲ့အားပေးမှုကိုရရှိခဲ့တာဖြစ်ပါတယ်



ယခုရက်ပိုင်းမီဒီယာတွေ့ဆုံမှု
တစ်ခုမှာတော့ သူမရဲ့မိခင် ဒေါက်တာဒေါ်သက်သက်ခိုင်က သမီးဖြစ်သူ The Voice သီချင်းဆို ပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့တဲ့ အပေါ် သူ့ရဲ့ အမြင်ကို ပြောပြလာခဲ့တာဖြစ်ပါတယ်



ဒေါ်သက်သက်ခိုင်က ” ကျွန်မသမီးလေးက အနုပညာကို တအားစိတ်ဝင်စားတာတော့မဟုတ်ဘူး၊ လူငယ်တစ်ယောက်က ပညာမသင်နေတဲ့အချိန်မှာ အားလပ်အချိန်တွေ အများကြီးရှိတယ်၊ အားလပ်ချိန်မှာ သူဟာသူ Self Discover Period အတွင်း ဘာလုပ်ချင်တာလဲ ရှာဖွေနေတာပါ။”


“အခုနောက်ဆုံး The Voice Myanmar Season 3မှာ ပါဝင်တယ်ဆိုတာ လက်တည့်စမ်းကြည့်ချင်တဲ့ သဘောပေါ့။ သူတအားကြိုးကြိုးစားစားနဲ့ ကြိုးစားနေတာလဲ မရှိဘူး၊ ကျမ အမ မထွန်းအိနြွိဗိုလ်ဆို ငယ်ငယ်ကအဆိုတော်တအားဖြစ်ချင်တာ၊ သီချင်းတွေအများကြီးဆိုကျင့်ခဲ့တာ၊ ကျွန်မသမီးလေး Grace ကတော့ စမ်းသပ်တဲ့သဘောလို့ မြင်တယ်” လို့ဆိုလာခဲ့တာဖြစ်ပါတယ်


ဒေါ်သက်သက်ခိုင်ကတော့ သမီးဖြစ်သူ The Voice သီချင်းဆို ပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့တဲ့ အပေါ် သူ့ရဲ့ အမြင်ကို ပြောပြလာခဲ့တာဖြစ်ပါတယ်နော်
အဆုံးထိဖတ်ရှုပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်

Writer – Magic(Shwe Yaung Myanmar)

Photo Credit Vocal G