ခြိမ့်ကေကို တရားစွဲခံရတဲ့ ကိစ္စမှာ ခြိမ့်ကေကိုဘက်က ဝင်ရောက် ရပ်တည်ပေးလာတဲ့ အောင်ရဲလင်း

ဆယ်စုနှစ်ကျော်တိုင်အောင် ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားပေါင်းများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးမှုတွေကို ရရှိထားသူကတော့ သရုပ်ဆောင် မင်းသားချောလေး အောင်ရဲလင်းပဲ ဖြစ်ပါတယ်။



လူငယ်ဆန်ဆန်ဖက်ရှင်လေးတွေကို ရွေးချယ်ဝတ်ဆင်တတ်တာကြောင့်လည်း မိန်းကလေးပရိသတ်တွေက ကြွေနေကြတာပါ။


အနုပညာကိစ္စကလွဲရင် ကျန်တဲ့ ကိစ္စတွေမှာ ဝင်မပါတတ်တဲ့ အောင်ရဲလင်းဟာ ယမန်နေ့ကတော့ ကိုဗစ်ဥပဒေနဲ့ တရားစွဲခံခဲ့ရတဲ့ ခြိမ့်ကေကိုဘက်က ဝင်ရောက်ရပ်တည်အားပေးလာခဲ့တာပါ



အောင်ရဲလင်းက “Stay Strong Fella!#KeepYourHeadsHigh #ChaintKKo” ဆိုပြီး သူ့ရဲ့ FB မှာ ဦးဒိန်းဒေါင်ဖြေထားတဲ့ interview လေးကို Share ရင်းရေးခဲ့တာပဲဖြစ်ပါတယ်။




တော်ရုံဝင်မပြောကာ အေးဆေးစွာပဲ နေတတ်သူ အောင်ရဲလင်းကပါ အဆိုတော် ခြိမ့်ကေကိုအတွက် အားပေးမှုတွေနဲ့ ရပ်တည်ခဲ့တာပဲဖြစ်ပါတယ်နော်.။ ခြိမ့်ကေကို တယောက် အမြန်ဆုံး အဆင်ပြေပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်နော်

Writer – Magic(Shwe Yaung Myanmar)

Photo Credit Aung Ye Lin’s Facebook