
ဘယ်အရပ်ဘယ်ဒေသက ဘယ်လောက်ပဲကောင်းတယ်ဆိုဆို ကိုယ်နေထိုင်ကြီးပြင်းရာဇာတိကို တမ်းတတတ်ကြတာ လူသားတွေရဲ့သဘာဝပါ။
အသက် ၁၉နှစ်အရွယ်အထိ ဝံပုလွေအုပ်ရဲ့ကျွေးမွေးစောင့်ရှောက်ခြင်းခံရတဲ့ Marcos Rodriquez Pantoja ဆိုသူကတော့ လူ့အဖွဲ့အစည်းမှာနေရတာထက် သူနေခဲ့ရတဲ့တောတောင်ဘဝကိုပဲ ပြန်သွားချင်စိတ်ရှိတယ်လို့ဆိုပါတယ်။
စပိန်နိုင်ငံသားဖြစ်တဲ့ Marcos Rodriquez Pantoja ဟာ (၃)နှစ်သားအရွယ်မှာ မိခင်ဆုံးပါးသွားပြီးနောက် အခြားမြို့ကိုပြောင်းရွှေ့မယ့်ဖခင်ဟာ Marcos ကို တိရစ္ဆာန်တွေအများကြီးပိုင်တဲ့ လယ်သမားကြီးဆီမှာ ရောင်းချခဲ့ပါတယ်။
ဒါပေမဲ့ သူ၇နှစ်အရွယ်မှာ လယ်သမားကြီးဆုံးပါးသွားခဲ့ပြီး လယ်သမားကြီးရဲ့တိရစ္ဆာန်တွေနဲ့ ကျန်ခဲ့တဲ့Marcos ဟာ တိရစ္ဆာန်တွေဆီကနေ အစာရှာဖွေပုံတွေ နေထိုင်ပုံတွေကို သင်ယူခဲ့ရပါတယ်။
တိရစ္ဆာန်တွေထဲမှာမှ ဝံပုလွေအုပ်နဲ့သူဟာ အလွန်ရင်းနှီးခဲ့ပြီး ဝံပုလွေမကြီးက သူ့ကိုသားလိုကျွေးမွေးစောင့်ရှောက်ခဲ့တယ်လို့ဆိုပါတယ်။
အသက် ၁၉နှစ်အရွယ်မှာတော့ ဝတ်လစ်စတစ်နဲ့တွေ့ရတဲ့ Marcos ကိုကယ်ဆယ်ရေးအဖွဲ့တွေက လူ့အဖွဲ့အစည်းထဲကိုပြန်လည်ခေါ်ဆောင်ပေးခဲ့ပြီး ဝံပုလွေတွေနေထိုင်တဲ့ကျောက်ဂူမှာ အတူနေထိုင်ခဲ့ရတဲ့လူသားကို လူတွေနေထိုင်တဲ့ရွာလေးမှာ နေထိုင်စားသောက်ဖို့စီစဉ်ပေးကာ ဘာသာစကားသင်ပေးခဲ့ကြပါတယ်။
အခုဆိုရင်တော့ Marcos ဟာ အသက်၇၁နှစ်ရှိပြီဖြစ်ပါတယ်။
သူဟာ တိရစ္ဆာန်အသံတွေကိုတုပပြီး တိရစ္ဆာန်တွေကို ဆက်သွယ်လို့ရနေဆဲဖြစ်ပေမယ့် ဝံပုလွေတွေကတော့သူ့ကိုညီအစ်ကိုမဆက်ဆံကြတော့ဘဲ မမြင်ချင်ယောင်ဆောင်သွားကြတယ်လို့ Marcos က ဝမ်းနည်းစွာနဲ့ပြောပြခဲ့ပါတယ်။
ရွှေရောင်လမ်း ( Writer – LLA )
Photo – Google