
ဒါရိုက်တာတစ်ယောက် ဖြစ်တဲ့ ညိုမင်းလွင် က တော့ ပရိသတ်တွေ တခဲနက် အားပေးဝန်းရံနေ ကြတဲ့ ဒါရိုက်တာ တစ်ဦးလည်း ဖြစ်ပါတယ်။ အများနဲ့မတူ ဆန်းသစ်တဲ့ အိုင်ဒီ ယာတွေနဲ့ အနုပညာလက်ရာ တွေဖန်တီးတတ်ပြီး ပရိသတ်တွေ ကို အမြဲချပြ လေ့ရှိသူ တစ်ဦးလည်း ဖြစ်ပါတယ်။
ယမန်နေ့ကတော့ ညိုမင်းလွင်က သူ့ရဲ့မိဘ ၂ ပါးလုံး ထူးဆန်းစွာနဲ့ ကိုဗစ်ရောဂါပိုး ကူးစက်ခံခဲ့ရပုံကို ပြောပြလာခဲ့တာဖြစ်ပါတယ်
“Covid-19 နဲ့ပါတ်သက်လို့ ကျွန်တော်က Facebook ပေါ်မှာ အမြဲတမ်းပေါ့ပေါ့ပါးပါးတွေပဲ ရေးပါတယ်၊ အဲဒီအခါမှာ တချို့ကလည်း ထင်ကြမှာပေါ့၊ ဒီကောင် ကိုယ်တိုင်မကြုံသေးလို့ ဒီလိုရေးနိုင်တာပါ ပေါ့လေ၊
ဟုတ်ကဲ့၊ ကျွန်တော့်အဖေရော အမေရော positive ပါ၊November လက positive ဖြစ်တာ အခု အိမ်ပြန်ရောက်လို့ home quarantine ပြီးပြီး အပြင်တောင်လျှောက်သွားနေကြပါပြီ၊ Covid ကို သာမာန်တုပ်ကွေးထက်ပိုပြီး စိတ်ထဲမှာနေရာမပေးချင်လို့ တကူးတက post တွေ ဘာတွေလည်း တင်မနေခဲ့ပါဘူး၊ ကျွန်တော်နဲ့က တစ်အိမ်စီနေကြတာဖြစ်လို့ ကျွန်တော်တို့မိသားစုကတော့ quarantine မဝင်လိုက်ရပါ၊ ဒါပေမယ့် အံ့ဩစရာကောင်းတာက ဖေဖေတို့မေမေတို့နဲ့တစ်အိမ်တည်းတူတူနေတဲ့ ကျွန်တော့်အဖိုး အသက် ၈၉ နှစ်က နှစ်ကြိမ်စစ်တာ နှစ်ကြိမ်လုံး negative ပါ၊
မေမေက အရင် positive ဖြစ်တဲ့အခါမှာ ဖေဖေနဲ့အဖိုးနဲ့က အလုံမြို့နယ် Zealax Hotel မှာ hotel quarantine ဝင်ကြပါတယ်၊ အလုံပိတ် hotel အအေးခန်းထဲမှာ swabs test မယူခင် ၅ ရက်လုံးလုံး ဖေဖေနဲ့အဖိုးနဲ့တူတူရှိနေကြတာပါပဲ၊ အဖိုးရဲ့ဝေယျာဝစ္စတွေအကုန်လုံး ဖေဖေကပဲ အနီးကပ်လုပ်ပေးခဲ့တာပါပဲ၊ သားအဖနှစ်ယောက်တည်းရှိတဲ့အခန်းထဲမှာ mask လည်း ဘယ်သူမှမတပ်ထားကြပါဘူး၊ စစ်လည်းစစ်ရော အဖေက positive ဖြစ်ပြီး အဖိုးက negative ပါ၊
အဲဒီတော့ Covid နဲ့ပါတ်သက်ပြီး ကိုယ်တွေ့ သေသေချာချာပြောလို့ရလာတာတစ်ခုက ဘယ်လိုနေနေ၊ဘယ်လိုထိုင်ထိုင် ကူးချင်ရင်ကူးတယ်၊ မကူးချင်ရင်မကူးဘူး ဆိုတာပါပဲ၊
နောက်ရက်မှပဲ ဖေဖေနဲ့မေမေ Covid ကို ဘယ်လိုရင်ဆိုင်ခဲ့သလဲ ဆက်ရေးပြပါဦးမယ်၊ အရမ်းအကြောက်မလွန်ဖို့ အတွေ့အကြုံကို ပြန်လည်မျှဝေခြင်းသာဖြစ်ပြီး လုံးဝဂရုစိုက်စရာမလိုဘူး လို့တော့ တရားခံမရှာစေချင်ပါဘူး” လို့ လူမှုကွန်ယက်မှာမျှဝေလာခဲ့တာဖြစ်ပါတယ်
ညိုမင်းလွင်က တော့ သူ့ရဲ့မိဘ ၂ ပါးလုံး ထူးဆန်းစွာနဲ့ ကိုဗစ်ရောဂါပိုး ကူးစက်ခံခဲ့ရပုံကို ပြောပြလာခဲ့တာဖြစ်ပါတယ်နော်
Writer – Magic(Shwe Yaung Myanmar)
Photo Credit – Nyo Min Lwin’s Facebook