အိပ်ရာထဲလဲနေရှာတဲ့ အဘရဲ့ ဆန္ဒလေးကို ဖြည့်ဆည်းပေးခဲ့တဲ့ ခိုင်နှင်းဝေ

ခိုကိုးရာမဲ့နေတဲ့ကလေးငယ်တွေရဲ့ဘဝကို လက်လှမ်းမီသလောက်စောင့်ရှောက်ပေးနေတဲ့ မေမေခိုင်နှင်းဝေရဲ့ ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေကြောင့် စေတနာရှင်တွေ အများကြီး လှူဒါန်းပေးခဲ့ကြပါတယ်။



အမျိုးမျိုးသောအလှူရှင်တွေထဲမှာမှ ဒီနေ့မှာတော့ ကျန်းမာရေးကြောင့် အိပ်ရာထဲမှာလှဲနေရတဲ့ အဘတစ်ယောက်ရဲ့ လှူဒါန်းချင်တဲ့စိတ်လေးကို မေမေခိုင်နှင်းဝေက ဖြည့်ဆည်းပေးခဲ့ပါတယ်။



ကိုယ့်လက်နဲ့ကိုယ်တိုင်လှူချင်တဲ့အဘဆီကိုအရောက်သွားခဲ့ပြီး ကိုယ်တိုင်အလှူလက်ခံပေးခဲ့ပါတယ်။ လှူချင်သူရဲ့စိတ်ဆန္ဒလေး ပြည့်သွားတာမို့ မေမေခိုင်နှင်းဝေလည်း ကုသိုလ်တွေအများကြီးရမှာပါ။ ကလေးငယ်တွေတင်မကဘဲ အကူအညီလိုနေတဲ့ ချို့တဲ့နေရာတွေမှာလည်း တတ်နိုင်သလောက်လှူပေးတတ်ပါသေးတယ်။



ဒီလိုကြည်နူးစရာအလှူပုံလေးတွေကိုတော့ ” အဘ ဦးအေးကြိုင်မှ အလှူငွေ (100,000 ) တစ်သိန်းကျပ် လှူဒါန်းပေးပါတယ်ရှင် ကိုယ်တိုင် လက်နဲ့လှူချင်ပါတယ်ဆိုသောကြောင့် အဘ အိမ်သို့ သွားရောက်ခဲ့ပါတယ် စေတနာကောင်းပီး သဒ္ဓါဖြူတဲ့ အဘ စိတ်ရောကိုယ်ပါ ကျန်းမာ ပါစေရှင် သာဓု သာဓု သာဓုပါ ” ဆိုပြီး ဝေမျှခဲ့ပါတယ်။

Credit – Happy (Cele Zone)
Photo – Khine Hnin Wai