အသက်ပါပေးရဲတဲ့အထိချစ်ရပြီး စေ့စပ်ထားပြီဖြစ်တဲ့ ချစ်သူကို တရားဝင်ထုတ်ပြလိုက်တဲ့ ရှိုင်းဝဏ္ဏ( မိချို)

မိချိုဇာတ်ရုပ်နဲ့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အများအပြားရယူထားနိုင်ခဲ့တဲ့ ရှိုင်းဝဏ္ဏကတော့ ဟာသဗီဒီယိုဖိုင်လေးတွေကို လူမှုကွန်ယက်စာမျက်နှာထက်တင်ပေးလေ့ရှိပြီး အဆိုပါဟာသဗီဒီယိုဖိုင်လေးဟာ ကြည့်ရူသူတွေအလွန်များပြားလျက်ရှိနေခဲ့တာပဲဖြစ်ပါတယ်



ရှိုင်းဝဏ္ဏ(မိချို)ကတော့ ယခုမှာလည်း ဟာသဗီဒီယိုဖိုင်လေးတွေကို အားပေးကြတဲ့ပရိသတ်တွေအတွက် တင်ပေးလေ့ရှိနေတာပဲဖြစ်ပါတယ်။




ရှိုင်းဝဏ္ဏ( မိချို)ကတော့ ဘာစိတ်သောကမှ မပေးလို့ အသက်ပါပေးရဲတဲ့အထိချစ်ရပြီး စေ့စပ်ထားပြီဖြစ်တဲ့ ချစ်သူကို တရားဝင်ထုတ်ပြလိုက်ပါတယ်။



ရှိုင်းဝဏ္ဏ(မိချို)ကတော့”မိဘလိုလဲ မေတ္တာ ပေးတယ် ချစ်သူလိုလဲ မေတ္တာ ပေးတယ် သယ်ရင်းလိုလဲ မေတ္တာပေးတယ် ဒီနေ့ဒီချိန်ထိ ဘာစိတ်သောက ဆင်းရဲမှ မပေးဘူးဘူး , ရှိုင်းဘဝမှာ သူကလွဲ၍ ဘယ် တခြားသော ဘယ်သူ့ကိုမှ နှလုံးသားထဲ တိုးမဝင်တော့တဲ့ထိ ချစ်ခြင်းမေတ္တာ တွေ ပိုင်ဆိုင်ရလို့ အရမ်းပျော်ပါတယ် ဗျို့ “ဆိုပြီး စုံတွဲပုံရိပ်လေးနဲ့အတူ လူမှုကွန်ယက်စာမျက်မှာရေးသားထားကာ ပရိသတ်တွေကို အသိပေးလားခဲ့ပါတယ်။



ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို တခဲနက်ရရှိထားပြီဖြစ်တဲလ ရှိုင်းဝဏ္ဏ(မိချို)ကတော့ ထိုင်း၊စင်္ကာပူ၊မလေးရှား၊ဂျာမနီ ကိုလည်ပတ်ရင်း တစ်ယောက်နဲ့တစ်ယောက်လေ့လာပြီးမှ ချစ်သူနဲ့စပိန်ကမ်းခြေမှာစေ့စပ်ပွဲလုပ်ခဲ့တဲ့အကြောင်းကိုလည်း မကြာခင်ရက်ပိုင်းက interview တွေမှာဖြေကြားခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် မိချိုတို့ရဲ့စုံတွဲပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။

Credit Swalsone News