သူမလိုပဲ ချစ်ရသူ ထားခဲ့တာခံခဲ့ရတဲ့ မိန်းကလေးတယောက်ကို ကယ်တင်နိုင်ခဲ့တဲ့အကြောင်း ပြောပြလာတဲ့ ပန်ကိတ်ဒါဒါ

ပရိသတ်ကြီးရေ Beauty Blogger မလေး ပန်ကိတ်ဒါဒါ ကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။ ပန်ကိတ်ဒါဒါကတော့ မိန်းကလေးပရိသတ်တွေရဲ့ အများဆုံး ဝန်းရံအားပေးမှုတွေကို ရရှိထားသူ အနုပညာရှင် မဟုတ်တဲ့ Beauty Blogger မလေးပဲဖြစ်ပါတယ်နော်။



မြန်မာနိုင်ငံသူ ဖြစ်ပေမယ့် မိသားစုလိုက် အလုပ်နဲ့ အတူသြစတေးလျမှာ အခြေချ နေထိုင်နေသူပါ.။ ကိုယ်တိုင်လည်း ပညာရေးနဲ့ အလုပ်တွေကိုပဲ အာရုံစိုက်နေသလို Beauty Blogger တစ်ယောက်အနေနဲ့ လုပ်ကိုင်ကာ မြန်မာနိုင်ငံကာ ချစ်သူ ပရိသတ်တွေအတွက် အလှပရေးရာနဲ့အတူ အားပေး စကားတွေကိုလည်း ပြောပေးတတ်သူပါ.။


အချစ်ရေးကြောင့် အသည်းကွဲကာ စိတ်ကျနေသူ မိန်းကလေးပရိသတ်တွေရဲ့ စာတွေကို ရရှိတိုင်း ပန်ကိတ်က သေချာလေး ပြန်ပြီး အားပေးစကားတွေကို သူမလို ပြန်လည် အသည်းကွဲဒဏ်ရာကနေ ပြန်သက်သာအောင် ပြောပေးတတ်သူပါ.။



ဇန်နဝါရီလ (၆)ရက်နေ့မှာလည်းပန်ကိတ်က သူမ အားပေး စကားပြောပေးခဲ့တဲ့ မိန်းကလေးဆီကနေ ပြန်လည်ပြီး စိတ်အားတက်လာကာ ကျေးဇူးတင်တဲ့စာလေးကို သူမရဲ့ My Day မှာ တင်လာခဲ့ ပါတယ်.။



ပန်ကိတ်ဒါဒါလေးရဲ့ အားပေးမှုကြောင့် ပြန်လည် စိတ်ပိုင်းဆိုင်ရာ သန်မာလာသူ မိန်းကလေးရဲ့ ကျေးဇူး တင်စာလေးကို ပရိသတ်တွေအတွက်လည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.။

Credit Cele Active World