အိမ်ထောင်သက် ၃ နှစ်ပြည့်မှာ ထူးခြားတဲ့ ကုသိုလ်လေးတစ်ခုပြုလုပ်ခဲ့တဲ့ ယွန်းဝတီလွင်မိုး

ပရိသတ်တွေချစ်ကြတဲ့ မင်းသားချော လွင်မိုးရဲ့ သမီးကြီးဖြစ်သူ ယွန်းဝတီလွင်မိုးက အဖေ့ခြေရာကို အပြည့်အဝ နင်းနိုင်သူလေးတစ်ဦးအဖြစ် အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။


ဦးလွင်မိုးရဲ့ သွေးအပြည့်ပါတဲ့ ယွန်းဝတီလွင်မိုးက အနုပညာအလုပ်တွေကို ဝါသနာပါသလို စီးပွားရေးလုပ်ငန်းတွေ ဦးစီးလုပ်ကိုင်ဖို့ စိတ်အားထက်သန်သူမို့ လက်ရှိမှာ သြစတေးလျနိုင်ငံမှာ ကျောင်းသွားတက်ပြီး ဖခင်ဖြစ်သူရဲ့ လုပ်ငန်းတွေမှာ ကူညီနိုင်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။



ဒါ့အပြင် ယွန်းဝတီလွင်မိုးက အိမ်ထောင်ရှင်အမျိုးသမီးတစ်ယောက်အဖြစ်နဲ့လည်း မိသားစုလေးအပေါ်ကို ဂရုစိုက်ရင်း ဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းနေတသူတစ်ယောက် ဖြစ်ပါတယ်။


(၂၀၁၈) ခုနှစ်မှာ ချစ်သူနဲ့ ရွှေလက်တွဲလက်ထပ်ခဲ့တဲ့ ယွန်းဝတီလွင်မိုးက ပြီးခဲ့တဲ့ ဇန်နဝါရီလ (၄) ရက်နေ့က သူမရဲ့ခင်ပွန်း ကိုထက်ဦးလှိုင်နဲ့ အိမ်ထောင်သက် (၃) နှစ်တိတိ ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။



ယွန်းဝတီလွင်မိုးတို့ ဇနီးမောင်နှံနှစ်ယောက်စလုံးက ပညာရေးကြောင့် တိုင်းတစ်ပါးကို ရောက်ရှိနေပေမယ့်လည်း ခင်မင်ရင်းနှီးရတဲ့ မိသားစုမိတ်ဆွေတွေကြောင့် မင်္ဂလာသက်တမ်း (၃) နှစ်ပြည့်နေ့မှာ ရွှေတိဂုံစေတီ၊ မဟာဝိဇယစေတီနဲ့ ဆူးလေစေတီတော်တို့မှာ ပန်းစည်းကြီး အစည်း (၁၀၀) ကို ကပ်လှူပူဇော်ပြီး မွန်မြတ်သောပန်းကုသိုလ်လေး ပြုနိုင်ခဲ့ကြောင်း ဝေမျှလာပါတယ်


ယွန်းဝတီလွင်မိုးတို့ ဇနီးမောင်နှံကတော့ သြစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့မှာ ကျောင်းတက်နေတာဖြစ်ပြီး မတ်လအကုန်လောက်မှာတော့ မြန်မာပြည်ကို ပြန်လာခွင့်ရရှိတော့မှာပဲ ဖြစ်ပါတယ်။



ပရိသတ်ကြီးလည်း လူငယ်ပေမယ့် ကုသိုလ်ယူတတ်တဲ့ ယွန်းဝတီလွင်မိုးတို့ ဇနီးမောင်နှံနှစ်ယောက်ရဲ့ ကုသိုလ်လေးကို ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပေးကြပါဦးနော်။

Credit – Cele Connections