အီတလီနိုင်ငံက ဆေးရုံတစ်ခု အနီးမှာ မထင်မှတ်ဘဲ ဧရာမအပေါက်ကြီး ထူးဆန်းစွာ ပေါ်လာ

အီတလီရှိ ဆေးရုံအနီးတွင် ရုတ်တရက် မြေကျွံကျပြီး ဧရာမ အပေါက်ကြီး ဖြစ်လာသဖြင့်ကားများ ထိုထဲ ပြုတ်ကျကုန်
=====================================

အီတလီနိုင်ငံ Naples မြို့ရှိ ဆေးရုံအနီးတွင် ရုတ်တရက် မြေကျွံကျပြီး ဧရာမတွင်းပေါက်ကြီးဖြစ်လာကာ ကားများ ထိုထဲပြုတ်ကျကုန်သည်။ ထို့ကြောင့် ဆေးရုံရှိ
ကိုဗစ်လူနာဆောင်မှ လူနာများကို ဘေးလွတ်ရာ ချက်ချင်းရွှေ့ပြောင်းပေးလိုက်ရသည်ဟုဇန်နဝါရီလ ၈ ရက်သတင်းက ဆိုသည်။



ထိုဖြစ်ရပ်တွင် သေဆုံးသူ၊ ထိခိုက်ဒဏ်ရာရသူ မရှိသော်လည်း ထိုနေရာသို့မီးသတ်တပ်ဖွဲ့ဝင် အများအပြား ရောက်ရှိနေကြပြီဖြစ်ပြီး ရုတ်တရက်မြေကျွံကျ ရခြင်းအကြောင်းရင်းကို သက်ဆိုင်ရာက စုံစမ်းနေကြပြီဖြစ်သည်။


ကားထဲတွင် ပိတ်မိနေသူရှိနေလျှင် သိရှိနိုင်ရန်အတွက် ကယ်ဆယ်ရေးဝန်ထမ်းများက အနံ့ခံခွေးများဖြင့် ရှာဖွေ
ရေးလုပ်နေကြသည်။ ဆေးရုံတွင် အရေးပေါ်အခြေအနေ ချမှတ်ထားဆဲဖြစ်ပြီး မီးစက်ဖြင့် မီးပေးနေရသည်။



သို့သော် ဆေးရုံတွင် ရေပြတ်လပ်သွားပြီး ရေမရသေးပေ။အဆိုပါတွင်းကြီးသည် အကျယ် ၁၆၄ ပေ၊ အနက် ပေ ၆၀ ခန့် ရှိမည်ဟု ခန့်မှန်းရသည်။ဆေးရုံဝန်ထမ်းကားပါကင်တွင် မြေကျွံကျခြင်းဖြစ်သဖြင့် ကားအချို့ ထိုထဲပြုတ်ကျကုန်ခြင်းဖြစ်သည်။


ပေါက်ကွဲမှုကြီးကြောင့် ထိုသို့မြေပြိုဆင်းသွားခြင်းဖြစ်သည်ဟု သက်ဆိုင်ရာကကနဦးတွင် ထင်ခဲ့သော်လည်း မြေအောက်တွင်ပြိုဆင်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်မည်ဟု
ယခုအခါ သက်ဆိုင်ရာက ယူဆနေသည်။ ဆေးရုံ၏ မြေအောက် အောက်ဆီဂျင်ပိုက်လိုင်းများအတွင်းဘက် ကျွံဝင်ပြိုဆင်းသွားခြင်း သို့မဟုတ် ဂက်စ်ယိုစိမ့်ထွက်သဖြင့် ဂက်စ်များထုထည်လိုက်ဖြစ်လာကာ ထို့နောက်တွင် ပေါက်ကွဲသွားခြင်းဖြစ်မည်ဟု ကနဦးသတင်းများက ဆိုသည်။

Credit Pyi Myanmar