ငယ်ငယ်ကတည်းက ကွဲကွာသွားတဲ့ အဖေကို ပြန်မတွေ့ချင်တော့ဘူး၊ ရုပ်ရှင် မဆန်ချင်ဘူးလို့ ပြောလာတဲ့ စည်သူဝင်း

MRTV 4 ဇာတ်လမ်းတွဲတွေကနေတစ်ဆင့် ပရိသတ်အားပေးမှုရရှိထားတဲ့မင်းသားတစ်လက်ဖြစ်တဲ့ စည်သူဝင်းကတော့ ငယ်ငယ်ကတည်းက ကွဲကွာသွားတဲ့ အဖေကို ပြန်မတွေ့ချင်တော့ဘူး၊ ရုပ်ရှင် မဆန်ချင်ဘူးလို့ အင်တာဗျူးတစ်ခုမှာ ဆိုထားပါတယ်။


“ကျွန်တော်က Broken family ဆိုတော့ အဖေကတော့မရှိဘူး အဖိုးနဲ့အဖွားကပြန်မွေးစားထားတဲ့သဘောပေါ့ မှတ်ပုံတင်ထဲကမိဘနာမည်ကတော့ အဖိုးအဖွားနာမည်ပေါ့ အဖေအရင်းကတော့မရှိတော့ဘူး ကွဲသွားတာကြာပြီ ကျွန်တော်မွေးပြီးကွဲသွားတာဆိုတော့ မမြင်ဖူးလိုက်ဘူး ”



“ကျွန်တော့်ဘဝမှာ အမေရယ် ကျွေးမွေးပြုစုခဲ့တဲ့အဖိုးနဲ့အဖွားရယ် ကျွန်တော့်အစ်ကိုရယ် ဒီ၄ယောက်ပဲပေါ့နော် အဖေကတော့ရှိပါသေးတယ် တွေ့လည်းမတွေ့ချင်ပါဘူး ရုပ်ရှင်လည်းမဆန်ချင်ဘူး ကျွန်တော်က ၅တန်းနှစ်ကျမှ အဖိုးနဲ့အဖွားလို့သိတာ အမေကိုအစ်မပဲသိထားတာ ငယ်ငယ်ကပေးမသိထားဘူး ”



“ကျွန်တော့်အသက်၂၅ ရှိနေပြီ မျက်နှာချင်းဆိုင်လည်းမတွေ့ဖူးဘူး နာမည်တောင်အရင်းမသိဘူး အဲ့ဒီတော့မတွေ့ချင်တော့ဘူး ကိုကြီးကလည်းမတွေ့ချင်တော့ဘူး ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် ပြန်ရောက်ရောက် လောလောဆယ်ဖီလင်ကတော့ မရှိဘူးပေါ့ လောလောဆယ်တော့မိသားစုကောင်းကောင်းမွန်မွန်နေထိုင်ဖို့ပဲရှိပါတယ်”



“အဖိုးနဲ့အဖွားကတော့ မေတ္တာကြီးပါတယ် ငယ်ငယ်ကတည်းကလိုအပ်တာမရှိအောင်ထားခဲ့တယ် အဲဒီ့အတွက်ကျေးဇူးတင်တယ် အဲ့ဒီအတွက်မလိုချင်တော့တာလေ ဒီအတိုင်းလေးကကောင်းတယ် ” လို့ Sunday နဲ့အင်တာဗျူးမှာဆိုထားပါတယ်။



ဝင်ငွေစီမံခန့်ခွဲတာနဲ့ပတ်သတ်ပြီး “ကျွန်တော်က ကပ်စေးနည်းတဲ့အထဲမပါဘူး အရမ်းကြီးသုံးတဲ့အထဲလည်းမပါဘူး အိမ်စရ်ိတ် ၆သိန်းဖယ်ပြီး ကျန်တာအမေတို့လိုတာဖြည့်ဆည်းပေးတယ် ပိုတာကတော့ မိဘကကျွန်တော့်ဘာသာ စီမံခန့်ခွဲခွင့်ပေးတယ် အကျီဝယ်တာတို့ ဘာတို့အပြင် လှူတာဒါန်းတာလည်းအကျုံးဝင်သေးတယ်”



“ကိုကြီးကတော့ နိုင်ငံခြားမှာနေတာပေါ့ အနုပညာတော့ဝါသနာမပါဘူး ကျွန်တော်တို့မိသစုကပြန်တည့်မတ်လာတာပဲရှိပါသေးတယ် ကြွယ်ဝချမ်းသာနေတာမဟုတ်ဘူး အလယ်အလတ်တန်းစား သာမန်မိသားစုပဲပေါ့ မိဘကိုပိုကြည့်ချင်တယ် လှူစေတန်းစေချင်တယ် ဖြစ်နိုင်ရင် အမေတို့ကိုကမ္ဘာတောင်ပတ်စေချင်တယ် ကိုယ်တွေကိုထားခဲ့တာထက် ပိုထားနိုင်ချင်တယ် ကျွန်တော်တို့နေခဲ့ရတာထက် ပိုမြင့်တဲ့ဘဝရောက်အောင် ညီအစ်ကို၂ယောက်လုံးကြိုးစားနေတယ်”


“ကျွန်တော်တို့ကရုန်းကန်ရတဲ့မိသားစုထဲမှာပါတာကိုး မိဘတွေကလည်းသာမန်ပဲဆိုတော့ လောလောဆယ်ညီအစ်ကို၂ယောက်လုံးကြိုးစားနေကြတယ်အမေဆိုရင်ဘန်ကောက်ရောက်ဖူးတယ် စင်ကာပူတွေဘာတွေလည်းခေါ်သွားမယ်ပေါ့ တခြားခရီးတွေလည်းခေါ်သွားဖို့ရှိတယ် လူကြီးဆိုတော့ ကျန်းမာရေးကလည်းရှိသေးတယ်လေ မြန်မာနိုင်ငံအတွင်းတော့ခေါ်သွားဖြစ်တယ်”



“အမေကတော့ Oversea တော့မတောင့်တဘူး မြန်မာနိုင်ငံအတွင်းဆိုရင်တော့အမေပါတယ် ကျွန်တော်မွေးထားတဲ့ခွေးလေးပါတယ်ပေါ့”လို့ဆိုထားပါတယ်။


စည်သူဝင်းကတော့
“ကျွန်တော်ကအရမ်းကြီးခံစားချက်မရှိဘူးဆိုပေမယ့် ကြီးလာတဲ့အခါ ငါတို့သားသမီး ငါတို့လိုမဖြစ်စေရဘူးလို့ ဆုံးဖြတ်ထားတယ် ယောက်ျားကောင်းတစ်ယောက်ပီသရမယ် တာဝန်ယူလိုစိတ်ပြည့်ဝရမယ် ကိုယ့်သားသမီးကို သူများနဲ့မကြီးပြင်းစေရဘူးပေါ့ ဒါကျွန်တော့်ဘဝနဲ့ရင်းပြီးရခဲ့တဲ့သင်ခန်းစာပေါ့ ကလေးကိုမိတကွဲဖတကွဲနဲ့မကြီးပြင်းစေဘူး”



“မသေချာရင် အိမ်ထောင်မပြုဘူး သေချာမှမိသားစုဘဝတည်ဆောက်မယ် သေတပန်သတ်တစ်ဆုံးကောင်းကောင်းနေသွားချင်တယ် ဒါကျွန်တော့်ဆန္ဒပဲ အရမ်းကြီးချမ်းသာဖို့ထက် မိသားစုဘဝလေးပြည့်စုံနေဖို့ပဲလိုတယ် ကိုယ့်လိုမဖြစ်အောင်ကြိုးစားသွားမယ်” လို့ သူ့ဆန္ဒကိုရင်ဖွင့်ခဲ့ပြီးဇာတ်လမ်းတွဲတွေကို စိပ်စိပ်လေးမရိုက်ပေးနိုင်တဲ့အတွက်လည်း ပရိသတ်ကိုတောင်းပန်ပါတယ်လို့ ဆိုခဲ့ပါသေးတယ်။

Shwe Yaung Myanmar (Writer – LLA)
Source – Sunday