
ကြို့ပင်ကောက်မြို့နယ် အထကကျောင်း ပင်မဆောင်မီးလောင်မှု သံဃာတော်တစ်ပါး၏ ရှို့မီးဖြစ်
ကြို့ပင်ကောက်မြို့နယ် အထကကျောင်း ပင်မဆောင်မီးလောင်မှု ဖြစ်စဉ်တွင် သံဃာတော်မှ မီးရှို့သည်ဟု ဝန်ခံပါသည်။
ဦးသာသန အသက် ၃၄ နှစ်သည် ဘုန်းတော်ကြီးကျောင်းများမှ ညအိပ်လက်မခံသောကြောင့် အထက ကျောင်းကြီးသို့ လာရောက်တည်းခိုစဉ်ဖယောင်းတိုင်ဖြင့် ကလကာအား မီးတို့ကာ မီးလောင်အားနည်းသဖြင့်
ကော်ခုံများ သစ်သားခုံများအား ထပ်ထည့်၍ မီးတောက်အားကောင်းစေရန် ပြုလုပ်ခဲ့ကြောင်း မီးလောင်နေကြောင်းကို ပတ်ဝန်ကျင်အား အသိမပေးဘဲ ထိုင်ကြည့်နေကြောင်း ဝန်ခံထွက်ဆိုပါသည်။
အပြစ်ပေးအရေးယူနိုင်ရေးအား ကိုဗစ် -၁၉ ရောဂါစစ်ဆေးသည့် RDT ဖြင့် စစ်ဆေးကာ မြို့နယ်ရဲတပ်ဖွဲ့မှ ဆက်လက်ဆောင်ရွက် သွားပါမည်ဖြစ်ကြောင်း သိရသည်။
Credit – Zayar Tun