ဝန်ထမ်းတွေအတွက် လစာ ၁ သိန်း စီ လှူဒါန်းတဲ့ အပြင် ကံစမ်းမဲတွေဖောက်ပေးတဲ့ မြန်မာနိုင်ငံက သူဌေးကြီး

၁၆ နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့ နှင့် သမီးလေး မွေးနေ့ အမှတ်တရ အနေနဲ့ နိုင်ငံတော်၏ လိုအပ်ချက်အရ COVID-19 ကုသရေးစင်တာအဖြစ် လှူဒါန်းထားသည့် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ Fortune Plaza We Love Yangon Happy Covid Center တွင်




ကျွန်တော်တို့နိုင်ငံရဲ့ COVID-19 ရောဂါတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန် တစ်ရပ်အနေနဲ့ ခံယူပြီး ကိုယ်ကျိုးစွန့်၊ အနစ်နာခံကာ စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင် တိုက်ပွဲဝင်နေကြတဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာနမှ နိုင်ငံ့ဝန်ထမ်းများနှင့် We Love Yangon, လူထုအခြေပြု ပရဟိတအသင်းတို့မှ ပရဟိတ ဆောင်ရွက်နေသူများကို ဂုဏ်ပြုချီးမြှင့်တဲ့အနေနဲ့ အထောက်အပံ့ပစ္စည်းများနှင့် ငွေသားအပါအဝင် ကျပ်သိန်းပေါင်း (၆၀၀)ကို လှူဒါန်းခဲ့ ကြောင်း Fortune Development Group က ဦးစိုင်းမျိုးဝင်းက ပြောကြားပါတယ်။



လှူဒါန်းမှု ပြုရာတွင် Fortune Plaza We Love Yangon Happy Covid Center ရှိ ကျန်းမာရေး ဝန်ထမ်းများအတွက် အစိုးရလစာ၏ (၁)လစာအား တစ်ဦးချင်းစီအလိုက် ဂုဏ်ပြုပေးအပ်ခြင်း၊ စေတနာ့ဝန်ထမ်း များအတွက် တစ်ဦးလျှင်(၁)သိန်းကျပ်စီ ဂုဏ်ပြုပေးအပ်ခြင်း၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ ပျော်ရွှင်၍ စိတ်ဖိစီးမှု လျော့နည်းသက်သာစေရန် ပျော်ရွှင်ဖွယ်ရာ ဗလာမပါကံစမ်းမဲများ ဖောက်ပေးခြင်းနှင့် ကျွန်တော်တို့၏ Fortune Plaza We Love Yangon Happy Covid Center တွင် တက်ရောက်၍ ဆေးကုသမှု ခံယူနေသည့် တစ်ဦးတစ်ယောက်ချင်းတို့ကိုလည်း အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရပါတယ်။


ဒါအပြင် ” ကျွန်တော်တို့ နိုင်ငံရဲ့ ရှေ့တန်းကနေ တိုက်ပွဲဝင်နေကြတဲ့ လူစွမ်းကောင်းများ ဖြစ်ကြသော ကျန်းမာရေး ဦးစီးဌာနမှ ဆရာဝန်များ၊ သူနာပြုများနှင့် စေတနာ့ဝန်ထမ်းများ COVID-19 တိုက်ပွဲမှာ ဘေးမသီရန်မခပဲ အားလုံးရာနှုန်းပြည့် ကျန်းမာစွာ၊ ချမ်းသာစွာဖြင့် အောင်မြင်ပြီးဆုံးသည်အထိ တိုက်ပွဲဝင်နိုင်ကြပြီး နိုင်ငံ့အကျိုး၊ အများကောင်းကျိုးကို ဆက်လက်၍ ဆောင်ရွက် နိုင်ပါစေ…” လို့ ဦးစိုင်းမျိုးဝင်းက ဆိုထားပါတယ်။

Credit livingmyanmar.com