မိုးအောင်ရင် ရဲ့ စကားတစ်ခွန်းကြောင့် ရင်ထဲ ဆို့နင့်အောင် ခံစားရတယ် ဆိုတဲ့ မို့မို့မြင့်အောင်

အနုပညာဝမ်းစာပြည့်ဝတဲ့မင်းသမီးကြီးပီပီ ပရိသတ်တွေရဲ့အချစ်တွေကိုသာမကအနုပညာလောကရဲ့နောက်မျိုးဆက်တွေရဲ့အချစ်တွေကို လက်ခံရရှိထားပြီး အမေမွှေးလို့ ချစ်စနိုးခေါ်ကြတဲ့ အကယ်ဒမီများရှင် မို့မို့မြင့်အောင်ကတော့ မိုးအောင်ရင် ရဲ့ စကားတစ်ခွန်းကြောင့် ရင်ထဲ ဆို့နင့်အောင် ခံစားရတယ်လို့ ဆိုထားပါတယ်။



မိခင်ဆုံးပါးသွားပြီးနောက်စိတ်ပန်းလူပန်းဖြစ်နေပြီး ကိုဗစ်ကြားမှာရိုက်ကူးရေးတွေကြားလုံးပမ်းနေချိန်မှာ သားတစ်ယောက်လိုချစ်ခင်ရတဲ့ မိုးအောင်ရင်တစ်ယောက် အသုတ်လာပို့ရာကနေ သားဖြစ်သူ အသုတ်လိုက်ရောင်းနေတဲ့အတွက် ရင်ထဲမကောင်းကြောင်းနဲ့ သားရဲ့စကားကြောင့်ရင်ထဲဆို့ရပုံကို အခုလိုပဲ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။


” ချစ်ခင်လေးစားတန်ဖိုးထားရပါသော ပရိသတ်ကြီးနှင့် We Love သဲသဲတုန်လေးတို့ရှင့် မို့ Line ပေါ်မတက်တာကြာတော့ လွမ်းနေကြရောပေါ့ ဒီဇင်ဘာလ လောက်က အံသွားနုတ်ထားရတယ် ပိုးသတ်ဆေးတွေသောက်တော့ နုံးချိနေတာပဲ ပြီးတော့ကျန်းမာရေး စစ်ဆေးမှုယူပြီး MRTV-4 က ချစ်လှစွာသော ဇာတ်လမ်းတွဲကို ပြန်လည်ရိုက်ကူးနေပါသည်။”




” မိခင်ကလည်းဆုံး သွားကလည်း နုတ်ထားလို့ အားလျှော့နေပြီး Covid ကိုကြောက်ရတာ တစ်မျိုး စိတ်အင်အား ချိနဲ့စွာနဲ့ပဲ ရှူတင်ကို သွားရပါတယ်။ ရှူတင်ရောက်တော့လည်း အနုပညာရဲ့ ကုစားမှုကြောင့် သရုပ်ဆောင်မှု ပညာကမနေသာပါဘူး အားလုံးအဆင်ပြေပါတယ်။ဒီနေ့ တနင်္ဂနွေ နားရက်ဆိုတော့ အိမ်မှာနားနေတုန်း သားသား Moe Aung Yin က ဖုန်းဆက်လာတယ် ”



“သားသား အသုပ် လာပို့ချင်လို့တဲ့ (ပြီးခဲ့တဲ့ သုံးလေးရက်က ဂဏန်းတွေ ပုဇွန်တွေအများကြီးလာပို့ထားသေးတယ်) သူကပြောတယ် သားအသုပ်လိုက်ရောင်းနေတယ် ရုတ်တရက် ဒီစကားကြားရတော့ မို့ ရင်ထဲမှာ ဆို့သွားတယ်။ မိခင်တစ်ယောက်အနေနဲ့ ကိုယ့်သားလေးကို ဒီလို ဘယ်ရောင်းစေချင်ပါ့မလဲ။ မို့က မေးလိုက်တယ် သားလေး ကားနဲ့လိုက်ရောင်းတာ မြတ်ရောမြတ်ရဲ့လား သူကပြောတယ် အမေမွှေးရယ် ဘယ်မြတ်ပါ့မလဲ မရှုံးရင်ပြီးရော အမေမွှေး သားပရိတ်သတ်နဲ့ ထိတွေ့နေချင်တယ်။ (အော်…အမေတူသားပါလား) ”



“သူက Moe’s Favorite Food ဆိုပြီး အသုပ်စုံ ၊ ကြက်ကင်နှင့်ဆန်လုံးညို အုန်းထမင်း ၊ ဆိတ်ကင်နှင့် ဆန်လုံးညိုပဲထမင်း တွေရောင်းနေပါတယ် မို့သားလေးကို အားပေးကြပါ။သူကိုယ်တိုင် လိုက်ပို့ပေးတာပါ စားစရာမှာရင်မင်းသားလေးနဲ့လည်း ဓါတ်ပုံအတူတွဲရိုက်လို့ရတာပေါ့။ Covid ကာလမှာ ခန္ဓာကိုယ် ဝမှာကြောက်တဲ့သူတွေအတွက် ဆန်လုံးညို စားဖြစ်အောင် သူက စီစဉ်တာပါ။



သားသား ရောင်းရပါစေ။” လို့ ရေးသားပြီး ပရိသတ်နဲ့ထိတွေ့နေရတာကိုကြိုက်တဲ့ အမေတူသားဖြစ်သူ မိုးအောင်ရင်ရဲ့ Moe’s Favourite Food အကြောင်းလေးကို ပရိသတ်ကိုမျှဝေပေးရင်း သူ့ရင်ထဲကခံစားခိက်လေးကို ပြောပြခဲ့တာပဲဖြစ်ပါတယ်။

Shwe Yaung Myanmar ( Writer – LLA )