အခက်အခဲတွေ ဒုက္ခတွေကို ဘယ်သူမှမရိပ်မိအောင် ကြိတ်ခံစားနေရကြောင်းပြောပြလာတဲ့ ကင်းကောင်ရဲ့သားလေး ရဲမွန်အောင်

ပရိသတ်ကြီးရေ ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ ဟာသ သရုပ်ဆောင် လူရွှင်တော် ကင်းကောင်ရဲ့ သားဖြစ်သူ ရဲမွန်အောင်ကတော့ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်အချို့ကို လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ရေးသားဖော်ပြထားပါတယ် ။



သူ့ရဲ့စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုတွေအတွက် နောင်တရကြောင်းနဲ့အတူ အချိန်အတော်ကြာဟန်ဆောင်နေခဲ့ကြောင်းတွေကို အခုလိုရင်ဖွင့်လာခဲ့ပါတယ် ။


အခက်အခဲတွေ ၊ ဒုက္ခတွေ အကျပ်အတည်းတွေ ၊ ဆုံးရှုံးမှုတွေ ဆိုတာကို နှစ်နဲ့ချီပီးခံစားနေရတော့ ပျော်ရွှင်မှုဆိုတာ မေ့နေတာတော်တော်ကြာနေပီ။ ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေဟာ အတင်းလုပ်ယူထားတဲ့ ဟန်ဆောင်မှုဖြစ်တာကြောင့် ဖြစ်နိုင်ရင် အဆင်ပြေလားလို့ မမေးပါနဲ့ဗျာ။



ကိုယ့်အထက်က အရာရှိတစ်ယောက်က လွန်ခဲ့တဲ့ ၂ လလောက်က ရဲမွန်အဆင်ပြေလားလို့ မေးတယ်။ မညာချင်တာနဲ့ မပြေပါဘူးဆရာရယ်လို့ ဖြေလိုက်မိတာ ခုချိန်ထိနောင်တ ရလို့မဆုံးဘူး လို့လည်း သူ့ရဲ့စိတ်ခံစားချက်တွေကို ပရိသတ်တွေကို ရင်ဖွင့်ပြောပြခဲ့တာဖြစ်ပါတယ် ။



ကိုယ့်ဖြစ်တည်မှုတစ်ခုအတွက် သူတစ်ပါးပါ စိတ်မကောင်းဖြစ်သွားရတာ စိတ်မကောင်းဆုံးဘဲ ဖြစ်လို့ ခင်ရင် မမေးကြပါနဲ့လို့လည်း တောင်းဆိုထားပါသေးတယ် ။ သူ့ရဲ့သူငယ်ချင်း မိတ်ဆွေ အချို့ကတော့ ရဲမွန်အတွက် အားပေးစကားလေးတွေ မှတ်ချက်ရေးသားခဲ့ကြပါတယ် ။

Credit Yaung Chi