ခြိမ့်ကေကို ကိုလွှတ်ပေးခဲ့တဲ့အတွက် သက်ဆိုင်ရာ တာဝန်ရှိလူကြီးတွေကို ကျေးဇူးတင်လိုက်တဲ့ ဒိန်းဒေါင် နဲ့ယုန်လေး

ခြိမ့်ကေကိုအပြင်ပြန်ရောက်လာတာကြောင့် သက်ဆိုင်ရာ တာဝန်ရှိလူကြီးတွေကို ကျေးဇူးတင်လိုက်တဲ့ ဒိန်းဒေါင် နဲ့ယုန်လေး



သဘာဝဘေးအန္တာရယ်ဆိုင်ရာ ဥပဒေပုဒ်မနဲ့ အမှုဖွင့်ခံထားရတဲ့ ခြိမ့်ကေကို အပြင်ပြန်ရောက်လာပြီဖြစ်တယ်လို့ လူရွှင်တော်ဒိန်းဒေါင်နဲ့ သရုပ်ဆောင်ယုန်လေး တို့က သူတို့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ဇန်နဝါရီလ(၁၁) ရက်နေ့က အသိပေး ရေးသားလာကြပါတယ်။



အခုလိုမျှမျှတတ ဆောင်ရွက်ပေးခဲ့တဲ့အတွက်လည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ကျေးဇူးတင်စကားဆိုထားပါသေးတယ်။


“ငှက်ပျောသီးအပြင် ပြန်ရောက်ပါပြီ။ တာဝန်ရှိသူများအားလုံးကို အထူးကျေးဇူးတင်ပါ သည်ခင်ဗျာ” လို့ ဒိန်ဒေါင်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားတာပါ။



ပြီးတော့ ယုန်လေးကလည်း “ ကဲ ကျွန်တော့် IDOL လေးအပြင်ပြန်ရောက်ပါပြီ။ အချုပ်က လွတ်ပါပြီ။ မျှတစွာဆောင်ရွက်ပေးပါသော သက်ဆိုင်ရာ လူကြီးများ အားလုံးကို အထူးကျေးဇူးတင်ပါသည်” လို့ ရေးသားထားပါတယ်။



ခြိမ့်ကေကိုကတော့ ကိုဗစ်ကာလအတွင်း ခွင့်ပြုချက်မရှိပဲ လူစုလူဝေးနဲ့ ဒီဇင်ဘာလ (၃)ရက်နေ့ကပြုလုပ်တဲ့ မွေးနေ့ပွဲတစ်ခုမှာ သီဆိုဖျော်ဖြေခဲ့တာကြောင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ ဥပဒေ ပုဒ်မ ၂၅/၃၀(က) အရ အမှုဖွင့်ခံလိုက်ရတာ ဖြစ်ပါတယ်။

အဲဒီနောက် ဒိန်းဒေါင်ရဲ့ စကားကိုနားထောင်ပြီး ဇန်နဝါရီလ(၄)ရက်၊ လွပ်လပ်ရေးနေ့မှာ သွားရောက် အဖမ်းခံခဲ့ပါတယ်။ သူအဖမ်းခံရတဲ့အချိန်မှာ အနုပညာရှင် အသိုင်းအဝိုင်းကလည်း ခြိမ့်ကေကိုဘက်က ဝန်းရံပေးကြတာကို တွေ့ရသလို ပြန်လွတ်လာတဲ့အချိန်မှာလည်း အနုပညာရှင်တွေ သာမက ပရိသတ်တွေကလည်း ခြိမ့်ကေကို အတွက် ဝမ်းသာနေကြပါတယ်။

Credit Pyi Myanmar