သမီးလေးအကြောင်းပြောနေရင်း မျက်ရည်ကျမိခဲ့တဲဲ့ အဓိက အကြောင်းအရင်းကို ပြောပြလာတဲ့ ရန်ကျော်

သရုပ်ဆောင် မင်းသားကြီး ရန်ကျော်ကတော့ လွန်ခဲ့တဲ့ နှစ်သုံးဆယ်ဝန်းကျင်ကတည်းက ဒီနေ့ဒီအချိန်ထိ အနုပညာလောကမှာ နာမည်ရရှိနေဆဲ ဝါရင့်သရုပ်ဆောင်တစ်ယောက် ဖြစ်ပါတယ်။ ရန်ကျော်ကတော့ အဆိုတော် မေခလာနဲ့ လက်ထပ်ပြီး သမီးလေးတစ်ယောက်ကို မွေးဖွားထားရာ တစ်ဦးတည်းသော သမီးလေးကို တုန်နေအောင်ချစ်ရှာသူတစ်ယောက် ဖြစ်ပါတယ်။



တစ်နေ့တစ်ခြား ပိုလှလာတဲ့ သမီးလေးနဲ့ ပက်သတ်ပြီး သဝန်တိုစိတ်မချမှုတွေဖြစ်နေတဲ့ ရန်ကျော်က ဒီတစ်ခေါက်မှာလည်း အင်တာဗျူးဗီဒီယိုတစ်ခုမှာ သမီးလေးအကြောင်းပြောနေရင်းနဲ့ မျက်ရည်ကျမိခဲ့တာကြောင့် ပရိသတ်တွေ စိတ်မကွက်သွားစေဖို့ ပြန်လည်ရှင်းပြလာတာကို အခုလိုပဲ တွေ့ရပါတယ်။



ရန်ကျော်က ကျွန်တော့်ညီအစ်ကိုမောင်နှမတွေခင်ဗျာ အင်တာဗျူးတစ်ခုမှာ ကျွန်တော်မျက်ရည်ကျပြီးစိတ်မကောင်းဖြစ်တာ အမေနဲ့အဖေကိုသတိရပါလို့ပါခင်ဗျ။ ကျွန်တော်မျက်ရည်ကျပြီးစိတ်မကောင်းဖြစ်တာကို ကျွန်တော်သမီးလေးပေါ်မှာအထင်လွဲသွားမှာစိုးလို့ပါခင်ဗျာ။



ကျွန်တော့်သမီးလေးလိမ္မာပါတယ်။ အဖေနဲ့အမေနဲ့ပြောတဲ့စကားကိုလည်းနားထောင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်ကိုက စိတ်ပူတတ်တာပါခင်ဗျ။ ကျွန်တော့်ရင်ဘတ်ထဲက ဆွဲထုတ်သွားမယ့်လူမရှိပါဘူး။ ကျွန်တော်အသက်ကြီးလာလို့လားတော့မသိပါဘူးဗျာ။ စိတ်ပူတတ်လာတယ်



အဲဒါလည်းကျွန်တော့်ရဲ့စိတ်ပါ။ ကျွန်တော့်ကိုနားလည်ပေးပါခင်ဗျာ။ ကျွန်တော့်ကြောင့် ခုနစ်ရက်သားသမီး စိတ်မကောင်းဖြစ်ရရင်လည်း ကျွန်တော်အနူးအညွတ်တောင်းပန်ပါတယ်ခင်ဗျာ။ကျွန်တော်က ကျွန်တော့်သမီးလေးကို ကျွန်တော်ချစ်တဲ့အတွက် ကျွန်တော့်အဖေအမေ ကျွန်တော့်ကိုဘယ်လောက်ချစ်မလဲဆိုတာ သိလို့ စိတ်မကောင်းဖြစ်ပြီ မျက်ရည်ကျမိတာပါ။


ကျွန်တော့်သမီးလေးဘာမှမဆိုင်ပါဘူးခင်ဗျာ။ ကျွန်တော်ရေးတဲ့စာတွေ များသွားလို့ရှိရင်လည်း ကျွန်တော်အနူးအညွတ်တောင်းပန်ပါတယ်ခင်ဗျာ။ အားလုံးကိုလေးစားပါတယ်။ ကျေးဇူးလည်းတင်ပါတယ်ခင်ဗျာ။ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။


ရန်ကျော်ကတော့ အသက်အရွယ်တစ်ခုရောက်ရှိလာချိန်မှာ သမီးလေးအပေါ် စိုးရိမ်လွန်းအားကြီးပြီး သူ့ရဲ့ ခံစားချက်တွေကို ပေါက်ထွက်လာတာကြောင့် သမီးလေးအပေါ် ပရိသတ်တွေအထင်အမြင်လွဲမှားတာမျိုးမရှိရအောင် ပြန်လည်ဖြေရှင်းလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit Cele Connections