မပတ်သက်ချင်လို့ ဘလော့ထားတာတောင် သူမကိုယ်ရေးကိုယ်တာကို ဝင်စွက်ဖက်တဲ့ နာမည်ကြီး ဒါရိုက်တာ တစ်ယောက်ကို ဒဲ့ပြောချလိုက်တဲ့ မြတ်သူသူ..

နာမည်ကြီး သရုပ်ဆောင်တစ်ယောက်ဖြစ်သလို အဆိုတော်တစ်ယောက်လည်းဖြစ်တဲ့ မြတ်သူသူကတော့ သူမရဲ့ ကြိုးစားအားထုတ်မှုနဲ့ မလျော့သောဇွဲလုံ့လတို့ကြောင့် တစ်နေ့တစ်ခြားအောင်မြင်လာခဲ့သူတစ်ယောက် ဖြစ်ပါတယ်။



ဟန်ဆောင်မှုမရှိ ပွင့်ပွင့်လင်းလင်းနေတတ်တဲ့ မြတ်သူသူက မဟုတ်မမှန်တာတွေ့ရင် ဖွင့်ပြောတတ်သူဖြစ်ပြီး ဒီတစ်ခေါက်မှာလည်း သူမရဲ့ ကိုယ်ရေးကိုယ်တာကို ဝင်ရောက်စွတ်ဖက်တဲ့ နာမည်ကြီးဒါရိုက်တာအကြောင်းကို အခုလိုပဲ ပြောလာပါတယ်။



“အော် မသိချင်မမြင်ချင်လို့ ရွံလို့ အဖက်တောင်မလုပ်ပဲ Block ထားတာကို မနေနိုင်တဲ့ကြား လူကလာပြတော့ တွေ့ရမြင်ရပြန်ပြီအေ။ လူလိုမေးတာကို ခွေးဆွဲသွားပြီပြောတဲ့ ဒါရိုက်တာကြီးကိုလည်း အံ့ဩပါရဲ့။ နာမည်ကြီးဒါရိုက်တာတယောက်ဖြစ်ပြီး သူများကိုယ်ရေးကိုယ်တာ ဘာသိလို့ကြားဝင်ရေးရတာလဲပြောကြည့်ပါလား သူ့မေးနေတာလည်းမဟုတ်ပဲ ဝင်ရေးတာ အာချောင် တတ်လားများလား



ဒါရိုက်တာတယောက်ဖြစ်ပြီး စကားပြောအောက်တန်းကျမယ်ဆိုတာ မထင်မိခဲ့ဘူးရယ်.. အော် အဆင့်အတန်းဆိုတာ 😁 အင်းပါ အင်းပါ။ အသိစိတ်ရှိတဲ့ကိုယ်တွေကပဲ ပြန်ဆုတောင်းပေး လိုက်ပါတယ်။”


“အကုသိုလ်တွေကင်းပြီး အောင်မြင်ပါစေနော်။ ကိုယ့်ဘဝနဲ့ကိုယ့်ကုသိုလ် အေးအေးနေတာကို လာပြတော့လည်း ရီရတာပေါ့ 😂😂😂 ကိုယ်ကဖြင့် အဖက်မ လုပ်တော့တာကို ခုထိပြောလို့မပြီးကြသေးဘူးပဲ


ဒီပုတ်ထဲက ဒီပဲတွေ အော့ 😂😂😂 စိတ်ဓါတ်ဟာ လုပ်ရပ်မှာပေါ်နေပြီနော့။ သတိထားဦးဗျ။ ဒါရိုက်တာကြီးကတော်ကလည်း ဘာအတွက် ကျုပ် Myday တွေ ဝင်ဝင်ကြည့်သတုန်း စဉ်းစားမရဘူးရယ် 😝😝😝


မရိုင်းတတ်လို့ ဒီလောက်ပဲရေးတော့မယ်။ ဆက်ရေးရင် ဒဲ့ဖြစ်ကုန်တော့မှာဗျ။ ကိုယ်က ဆက်လင်းလက်ရဦးမှာမို့ အကုသိုလ် အဝင်မခံတော့ပါဘူးလေ 😁” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာ တာပဲ ဖြစ်ပါတယ်။


မြတ်သူသူကတော့ သူမရဲ့ကိုယ်ရေးကိုယ်တာနဲ့ ပက်သတ်ပြီး အကြောင်းမသိပဲ ဝင်ရေးတဲ့ ဒါရိုက်တာနဲ့ ဒါရိုက်တာကတော်ရဲ့အကြောင်း ပြောလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Credit Cele Connections