ညောင်ရွှေ-ခေါင်တိုင် လမ်းမပေါ်မှာ ရှင်းလင်းခဲ့ရတဲ့ Mask အခုရေ ၂၀၀၀

စာရေးသူ – Sue Sue

အခု မြင်တွေ့နေရတာ ကတော့ ညောင်ရွှေ – ခေါင်တိုင်လမ်းမပေါ်က ကောက်ယူရှင်းလင်းခဲ့ရတဲ့ နှာခေါင်းစည်း Mask တွေဖြစ်ပါတယ်။ ၃ နာရီအတွင်းမှာ အခုရေ ၂၀၀၀ ခန့် တွေ့ရှိခဲ့တာပါ။



ဒီလိုမျိုးတွေ တမြို့လုံး အတိုင်းအတာ မှ တစ်နိုင်ငံလုံး အတိုင်းအတာ အထိဆိုရင် မတွေးဝံ့အောင်ပါပဲ။



ဒီလို စည်းကမ်းမဲ့ စွန့်ပစ်ခဲ့တဲ့အထဲမှာ သင်ရော မပါဝင်စေဖို့ အထူး ဂရုစိုက်ပေးစေချင်ပါတယ်။



Mask ဆိုတာ ရောဂါ ကာကွယ်ဖို့ တပ်ဆင်ရတာဖြစ်လို့ အခုလို လမ်းမပေါ် စည်းမဲ့ ကမ်းမဲ့ စွန့်ပစ်တာဟာ သင်ရော သင့်မိသားစုအပါအဝင် လူသား အားလုံးအတွက်ပါ အန္တရာယ်များလွန်းလှပါတယ်။


ကိုဗစ် ရောဂါကြီး ကမ္ဘာမြေပေါ်က အမြန် ပျောက်ကင်းသွားဖို့ ဆိုတာက ခုလို Mask တွေကိုစည်းကမ်းမဲ့ စွန့်ပစ်မနေဖို့ကလဲ အရေးကြီးလှပါတယ်။



အတွေ့အကြုံအရ မြို့ဝင်မြို့ထွက် စစ်ဆေးတဲ့နေရာတွေရဲ့အလွန်မှာ Maskတွေ ပိုမိုတွေ့ရတာကြောင့် လူတွေဟာစစ်ဆေးရေးဂိတ်လွန်တာနဲ့ ချက်ချင်း စွန့်ပစ်ခဲ့ကြပုံပါပဲ။


သက်ဆိုင်ရာ တာဝန်ရှိလူကြီးမင်းများအနေဖြင့် နည်းလမ်းကောင်းများရှာတွေ့ပြီး ထိရောက်စွာ တားဆီးအရေးယူနိုင်ကြစေဖို့ မျှဝေ ပေးလိုက်ရပါတယ်။

Credit – Sue Sue