
အင်ဒိုနီးရှားနိုင်ငံ ဆရိဝီဂျာယာလေကြောင်းလိုင်းပိုင် ဘိုးရင်း ၇၃၇-၅၀၀ လေယာဉ်ဟာ ဇန်နဝါရီ ၉ ရက်က ဂျာကာတာ ကမ်းလွန်ပင်လယ်မှာ အရှိန်ဖြင့်ထိုးကျခဲ့ပါတယ်။
လူ ၆၂ဦးလိုက်ပါလာတဲ့ SJ-182 အမျိုးအစားလေယာဉ်ဟာ
ဂျာကာတာမြို့ရှိ ဆူကာနိုဟတ္တာအပြည်ပြည်ဆိုင်ရာလေဆိပ်မှ အနောက်ဂျားဗားပြည်နယ် ပွန်တီယာနာ့ခ်မြို့သို့ဦးတည်ထွက်ခွာခဲ့တဲ့လေယာဉ်ထဲမှာ လူ ၆၂ ဦး လိုက်ပါစီးနင်းခဲ့ပါတယ်။
လိုက်ပါစီးနင်းသူများထဲက လေယာဉ်ပျက်ကျတဲ့အထဲပါသွားခဲ့တဲ့ မိသားစုတစ်စုရဲ့ အင်တာနက်ပေါ်တင်ခဲ့တဲ့ပုံလေးတစ်ပုံကတော့ စိတ်မကောင်းဖွယ်ရာပါပဲ။
အဘွားရှိရာဆီသွားဖို့ ပြင်နေကြတဲ့ ထိုမိသားစုလေးဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဓာတ်ပုံတင်ပြီးမကြာခင်မှာပဲ ဒီအဖြစ်ဆိုးကိုကြုံခဲ့ရတာပါ။
အစိုးရဘက်မှလည်း လေယာဉ်ပျက်ကျရာနေရာအနီးတစ်ဝိုက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရန် ကူညီကယ်ဆယ်ရေးဝန်ထမ်း ၃၆၀၀ ခန့်ကို သင်္ဘော ၅၄ စင်း၊
လေယာဉ်နှင့် ရဟတ်ယာဉ် ၁၃ စင်းနှင့်အတူ စေလွှတ်ထားပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ရွှေရောင်လမ်း ( Writer – LLA )
Photo – Original