တော်ရုံမမြင်ဘူးသေးတဲ့ သူတို့မိသားစုရဲ့အရင်ကပုံလေးတွေကို ထုတ်ပြလာတဲ့ နိုင်းနိုင်း

ပရိသတ်အချစ်တော် အနုပညာရှင်တစ်ဦးဖြစ်တဲ့ သရုပ်ဆောင် နိုင်းနိုင်းကတော့ အနုပညာလောကမှာ နှစ်ပေါင်းများစွာကြာအောင် ရပ်တည်အောင်မြင်နေသူ ဖြစ်ပါတယ် ။



နှစ်တွေအကြာကြီးပြောင်းလဲလာပေမယ့် မပြောင်းလဲတဲ့နုပျိုခြင်းတွေကို ပိုင်ဆိုင်ထားတဲ့ နိုင်းနိုင်းက အခုချိန်အထိ လူငယ်လေးတစ်ယောက်လို့ အရွယ်တင်နေဆဲ ဖြစ်ပါတယ် ။ 



နိုင်းနိုင်းဟာ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားနိုင်တာဖြစ်ပြီး ပရိသတ်တွေကလည်း သူ့ရဲ့ မိသားစုဘဝလေးကို ကြည့်ကာ အားကျနေတာပဲ ဖြစ်ပါတယ်။


သားတစ်ယောက်၊ သမီးသုံးယောက်ရဲ့ဖခင်ဖြစ်တဲ့ နိုင်းနိုင်းက မိသားစုနဲ့အတူ ခဏတာခွဲခွာပြီး မြန်မာနိုင်ငံမှာ အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။


သူရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေ ကြည်နူးစရာမိသားစုပုံရိပ်လေးတွေကိုလည်း မကြာခဏဆိုသလို စာမျက်နှာပေါ်တွင်ဖော်ပြလေ့ရှိတာတွေ့ရပါတယ်။


အခုလည်း ပရိသတ်တွေမမြင်ဘူးတဲ့ ဟိုအရင်က မိသားစုပုံလေးတွေကိုဝေမျှထားတာဖြစ်ပါတယ်။ ပုံလေးတွေထဲမှာ အကုန်လုံးအရမ်းချစ်စရာကောင်းသလို ကြည်နူးစရာ ပုံရိပ်လေးတွေဖြစ်တာကြောင့် ပရိသတ်ကြီးအတွက် မျှဝေပပေးလိုက်ပါတယ်။

Credit Cele Zone