တိရိစ္ဆာန်တွေကို အသက်အန္တာရာယ် ဖြစ်လာစေတဲ့ လူတွေရဲ့ စွန့်ပစ် နှာခေါင်းစည်းများ

ကမ္ဘာအနှံ့မှာ ကိုဗစ်ရောဂါပြန့်ပွားမှုကိုကာကွယ်ဖို့အတွက် တစ်ခါသုံး Mask တွေကို ကမ္ဘာနဲ့အဝှမ်း အများအပြားအသုံးပြုလာကြပါတယ်။



ထို့အတူပဲ ရောဂါကာကွယ်ဖို့ မဖြစ်မနေတပ်ရတဲ့ Mask တွေကို မဆင်မခြင်စွန့်ပစ်လာမှုတွေလည်း များပြားလာလျက်ရှိပြီး အမှိုက်ပုံတွေ လမ်းဘေးတွေ ရေမြောင်းတွေမှာ mask တွေစုပုံလျက်ရှိပါတယ်။



ဒါဟာ ရောဂါပြန့်ပွားမှုအတွက် ကြီးမားတဲ့အန္တရာယ်ဖြစ်သလို ဆွေးမြေ့ပျက်စီးဖို့ခက်ခဲတဲ့အရာတွေဖြစ်တာကြောင့် ငှက်တွေ ရေနေတိရစ္ဆာန်တွေ တောရိုင်းတိရစ္ဆာန်တွေအတွက် ဘေးအန္တရာယ်ဖြစ်စေပါတယ်။




စွန့်ပစ် Mask တွေ တန်နဲ့ချီပြီး သမုဒ္ဒရာထဲစွန့်ပစ်ရာကနေ ရေနေသတ္တဝါတွေအတွက် ထိခိုက်စေနိုင်သလို အမှိုက်ပုံတွေကနေ တလွင့်လွင့်ဖြစ်နေတဲ့ Mask တွေကနေငှက်တွေရဲ့ ခြေမှာချိတ်မိနေတာတွေ၊ မျောက်တွေနဲ့ တခြားတောရိုင်းတိရစ္ဆာန်များမှ စားစရာအနေနဲ့မျိုချမိရာကနေလည်း အသက်အန္တရာယ်ဖြစ်စေနိုင်ပါတယ်။




ဒါကြောင့် မိမိအပါအဝင် ပတ်ဝန်းကျင်မှာရှိတဲ့ သတ္တဝါတွေရဲ့ဘေးကင်းရေးအတွက် ကိုယ့်ရဲ့စွန့်ပစ် Mask တွေကို စနစ်တကျစွန့်ပစ်ရင်း ကမ္ဘာကြီးကို ကယ်တင်ကြရအောင်လားရှင်

SYL Video – ရွှေရောင်လမ်း ( Writer – LLA )
Photo – Original