စေ့စပ်လက်စွပ်တွေကို ဘုရားလှူလိုက်တဲ့ အိမ့်ချစ်တို့ဇနီးမောင်နှံ

အိမ့်ချစ်ကတော့ ခင်ပွန်းဖြစ်သူနဲ့ သူမရဲ့ စေ့စပ်လက်စွပ်တစ်စုံကို အောင်သိဒ္ဓိဘုရားသို့ လှူဒါန်းလိုက်တယ်လို့ ဆိုပါတယ်။ သူမရဲ့ ကုသိုလ်လေးကိုလည်း ပရိသတ် သိအောင် မျှဝေခဲ့ပါသေးတယ်။



” မွန်ဘုရင်မကြီးရှင်စောပုကိုးကွယ်ခဲ့သော အောင်သိဒ္ဓိဘုရားများကို (၇) ကြိမ်မြောက်အိမ်သို့ပင့်ဆောင်ပူဇော်ပြီး ကိုEric နဲ့ အိမ့်ချစ်တို့ရဲ့ စေ့စပ်လက်စွပ်နှစ်ကွင်းကို လှူဒါန်းခဲ့ပါသည်။ နတ်လူသာဓုခေါ်စေသော်” ဆိုပြီးတော့ ဇန်နဝါရီလ (၁၃) ရက်နေ့ နေ့လယ် ၁ နာရီကျော်ကသူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။



အိမ့်ချစ်ဟာ အလှူအတန်းနဲ့ ပတ်သက်ပြီးလက်မနှေးတဲ့ အနုပညာရှင် တစ်ဦးဖြစ်ပါတယ်။ ကိုဗစ်ကာလအတွင်းမှာလည်း မကြာခဏဆိုသလို အလှူအတန်းတွေ လုပ်နေသူ တစ်ယောက်ပါ။



ဒါ့အပြင် ၂၀၂၀ ခုနှစ် ၆ လပိုင်း ၂၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကိုဇော်ဝင်းလှိုင် နဲ့ အိမ့်ချစ်တို့ရဲ့ မင်္ဂလာဦးဆွမ်းကျွေးကိုလည်း အေးချမ်းအောင်မြေ အုတ်ခွက်ဘုရားကျောင်းမှာ ကုသိုလ်အလှူပြုလုပ်ရင်း ဖြတ်သန်းခဲ့တာ တွေ့ရပါတယ်။



အိမ့်ချစ်(Eint Chit) ဟာ ငယ်စဉ်ကတည်းက ဂီတနဲ့မစိမ်းသလို ဖခင် ဦးချစ်ကောင်းနဲ့အတူ စတိတ်စင်ပေါ်မှာ ဖျော်ဖြေလာသူတစ်ဦးပါ။ အိမ့်ချစ်ဟာ အတွဲခွေများစွာမှာ ပါဝင်သီဆိုဖူးခဲ့သလို “ကိုယ်တိုင်ရေး ပုံတူပန်းချီ” ၊ အချစ်ရေးစတဲ့ တေးသီချင်း ခွေများနဲ့ ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် တစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူ ဦးချစ်ကောင်းနဲ့အတူ “၅၂၈” ဖျော်ဖြေ ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ အဆိုတော်တစ်ဦး ဖြစ်ပါတယ်။



၂၀၁၉ ခုနှစ် သြဂုတ်လ အတွင်းကလည်း သူမရဲ့ဖခင် ဦးချစ်ကောင်းရယ်၊ မောင်လေးဖြစ်တဲ့ ဂျူနီယာချစ်ကောင်းရယ် သုံးယောက်ပေါင်းပြီး FG live Lounge.. ပွဲ လုပ်ခဲ့ပါသေးတယ်။

Credit Duwun Cele Yat Kwat