ဒီကနေ့ မြိတ်မြို့ အင်းလေးမြိုင် မီးလောင်မှု ဖြစ်စဥ်က လေးစားစရာ လူငယ် သူရဲကောင်း တစ်ဦး

တကယ့်လက်တွေ့ ဘဝက သူရဲကောင်းတွေ ဆိုတာ ရုပ်ရှင်တွေထဲကလိုမျိုး Hero ဝတ်စုံ တွေ ဝတ်မထားပေမယ့်လည်း အရေးကြုံလာရင် ကိုယ့်အသက်ကို ပဓာန မထားဘဲ ပေးဆပ်ဖို့ အသင့်ရှိကြပါတယ်။

ဒီလို သူရဲကောင်း မျိုးတွေဟာ တကယ့်အရေး တကယ့်ဘေး ဆိုရင် ထွက်ပေါ်လာကြစမြဲပါပဲ။

ဒါကတော့ ၁၄ ရက်နေ့ ၁ လပိုင်း ၂၀၂၀ မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်လေး တစ်ခုပါ။

မြိတ်မြို့ အင်းလေးမြိုင် ရပ်ကွက် ပဒုမ္မာ ၃ လမ်း မှာ အကြီးအကျယ် မီးလောင်နေ​ခဲ့ပါတယ်။

မီးလောင်နေတဲ့ အိမ်ထဲမှာ ကလေးငယ်လေး တစ်ယောက် ပိတ်မိနေခဲ့တာ ဖြစ်ပါတယ်။

မိဘတွေလည်း အရမ်းကို စိတ်ပူနေကြတဲ့အချိန်မှာ သူရဲကောင်း ဆန်ဆန် ကယ်တင်ရှင် လူငယ် တစ်ဦး ထွက်ပေါ်လာပါတယ်။

သာမန်လူတွေဆို ထိတ်လန့်ပြီး ပြာသလဲလဲ ဖြစ်နေကြမှာဖြစ်ပေမယ့် ရဲစွမ်းသတ္တိရှိတဲ့ လူငယ်တစ်ဦး ကတော့ ကိုယ့်အသက် ကိုယ်တောင် ပဓနာ မထားဘဲ မီးလောင်နေတဲ့ အိမ်ထဲကို ပြေးဝင်ပြီး ကလေးငယ် လေးကို ခက်ခက်ခဲခဲ ကယ်ထုတ်ခဲ့ပါတယ်။

သူ့ရဲ့ ရဲ့ ဖုန်းနဲ့ ပိုက်ဆံ အိတ်က မီးထဲကို ပါသွားခဲ့ပေမယ့် သူကတော့ နှမြောနေမယ့် ပုံတော့ မပေါ်ပါဘူး။

နောက်ဆုံးမှာ ကလေး ငယ်လေးရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့ပြီး စိတ်ပူနေတဲ့ မိဘတွေ လက်ထဲ ပြန်အပ်ခဲ့ပါတယ်။

သူဟာ မီးသတ်သမား တစ်ယောက်လည်း မဟုတ်သလို၊ အထူး လေ့ကျင့်ထားတဲ့ သူလည်း မဟုတ်ပေမယ့် အရေးကြုံလာတဲ့ အခါ အရဲစွန့်ကယ်တင်ပေးချင်တဲ့ စိတ်ထားကတော့ အရမ်းကို လေးစားဖို့ကောင်းပါတယ်။

ဒီလို စိတ်​ဓာတ်မျိုးရှိတဲ့ မြန်မာနိုင်ငံသား တစ်ဦးကို ဝိုင်းပြီး ဂုဏ်ပြုပေးဖို့ လိုအပ်တယ် မဟုတ်လား ခင်ဗျာ။

ရွှေရောင်လမ်း ( Writer – WPO )
Photo – Original