
Elon Musk ခေတ်စားတယ်ဆိုပြီး သူ့စကားတွေကို လိုရာကွက် ကိုးကားပြီး လူငယ်တွေကို ဒုက္ခ မပေးမိပါစေနဲ့ဦး …
Elon Musk က အင်တာဗျူးတွေမှာသာ ” ဘွဲ့ရဖို့က အရေးမကြီးပါဘူး … လို့ ပြောလေ့ရှိတာ ….
( ဆရာသမားက သောက်ကျိုးနည်းလည်း တော်သလို တစ်ချက် တစ်ချက်လည်း အပြော ရမ်းတတ်တယ် … ကိုယ်က သူ့ ကို အားကျပြီး
ဘွဲ့ မယူတော့ဘူး ကွာ … လို့ စဉ်းစားမယ်ဆို
ဒါလေးတွေတော့ သတိထားဦး )
၁။ သူကိုယ်တိုင်က ၂ ဘွဲ့ရ University of Pennsylvania ကနေ Economics နဲ့ရော
Physics နဲ့ ရော ရတာ ။
၂။ Stanford မှာ Applied Physics and Material Sciences နဲ့ Ph.D ယူဖို့ လုပ်နေတုန်းမှ
ကိုယ်ပိုင် လုပ်ငန်း ကို ပို အားစိုက်ချင်လို့
ဆက်မလုပ်တော့တာ ။
၃။ ပြီးတော့ Zip2 ဆိုတဲ့ Online လုပ်ငန်းလမ်းညွှန်သဘောမျိုးထောင် – ပြန်ရောင်း ။
( Website အစအဆုံးကို သူတစ်ယောက်တည်း Coding ရေးတာ ။ ၁၂ နှစ်သားမှာ ကတည်းကလည်း အတန်းထဲမှာ သူ့ကို သင်ပေးတဲ့ ဆရာထက်ကို Programming က ပိုဂျွတ်နေလို့
အဲ့ အချိန်မှာ ကိုယ်တိုင် Game တစ်ခုရေးပြီး ရောင်းခဲ့သေးတာ )
အွန်လိုင်း ငွေပေးချေမှု တစ်ခေတ်ဆန်းစေတဲ့
Paypal ဖြစ်လာမယ့် X.com ကိုထောင် – ပြန်ရောင်း ။ အဲ့က ရလာတဲ့ ငွေတွေကို
– အာကာသဖက်လှည့်ဖို့ SpaceX
– Electronic Car ဘက် လှည့်ဖို့ Tesla
– စွမ်းအင် ပြဿနာဖြေရှင်းဖို့ Solar City
စတဲ့ Companies တွေထဲ ငွေပြန်ထည့်တာ ။
အဲ့ ၃ ခုလုံးက လုပ်ငန်း ပြုတ်တော့မလိုအကြိမ်ကြိမ်ဖြစ်တဲ့ကြားက ရအောင် ရုန်းခဲ့လို့ ခုချိန် ဒီနေရာ ရတာ ။ ၂၀၀၈ စီးပွားပျက် ကပ် ကို မိလိုက်တော့ အကြီးကြီး ထိကြတာပဲ ။
General Motors လို Company ကြီးတောင်
ဒေဝါလီ ခံလိုက်ရတဲ့ ကာလကြီးကို သူက ရအောင် ပြန်ရုန်းနိုင်ခဲ့တယ် ။ အစိုးရကတောင် သူ့ကို $ သန်း ၅၀၀ နီးပါး ချေးပေးချင်အောင်
ပြောနိုင် ဆိုနိုင်ခဲ့တာလည်း ပါတာပေါ့ ။
📌
Risk တအား ယူရဲတယ် ။ အချိန်မရွေး ပြန်စနိုင်တဲ့ အရည်အချင်း ရှိနေတာကြောင့်လည်း အဲ့လို Risk ယူရဲတာ လို့ ထင်ရတာပဲ ။ Introvert လို့ ထင်ရပေမယ့် Publicity Stunt တွေ လိုအပ်ရင် လုပ်ရဲ/ပြောရဲ တယ် ။ ဒါလည်း သူ့ ထူးခြားချက်ပဲ ။
📌
ပုံမှန်အားဖြင့် တစ်ပတ်ကို ၈၅ နာရီကနေ နာရီ ၁၀၀ နီးပါး အလုပ် လုပ်လေ့ရှိသလို … Tesla ပြုတ်ကာနီးမှာ ရအောင် ပြန်ဆယ်ဖို့ တစ်နေ့ကို နာရီ ၂၀-၂၂ နီးပါး အလုပ် လုပ်ခဲ့တယ် ။
( အဲ့လို လုပ်ခဲ့တာ သူ့ ကျန်းမာရေးကို ထိခိုက်ခဲ့လို့ လိုက်တော့ မလုပ်ကြပါနဲ့လို့ ဖြေဖူးတယ် ။
ကျွန်တော် တစ်နေ့ကို ၅-၆ နာရီပဲ အိပ်ပြီး
၁၂-၁၆ နာရီလောက် အလုပ် လုပ်ခဲ့ဖူးတယ် ဆိုတာ သူ့ ကို အားကျပြီး လိုက်လုပ်တာ ။
ခက်တာက ရေခံမြေခံ ကို ဖယ်ထားလိုက်ဦး ။
နဂို ပါလာတဲ့ အရည်အချင်းကကို အကွာကြီးဆိုတော့ ရလာဒ်ကလည်း အကွာကြီးပဲ ။
တူတာက ကျန်းမာရေး နည်းနည်း ထိတာချင်းပဲ တူသွားတာ 😅ဒီတော့ နမူနာ ယူချင်ရင်
ကိုယ် နဲ့ ကိုက်သလောက် / ကိုယ် ခံနိုင်သလောက်ပဲ ယူသင့်တယ် )
၄။ ဆရာသမားက အရမ်းလည်း ဉာဏ်ကောင်းတယ် ။ ဒါက သူဌေးဖြစ်လာလို့ မြှောက်ပြောနေတာ မဟုတ်ဘူး ။ အပေါ်မှာ ပြောထားသလို …
ငွေစိုက် / လူကျောနပ်ပြီး တက်လာတဲ့ သူဌေး မျိုး သက်သက် မဟုတ်ပဲ သူကိုယ်တိုင် Programming လုပ် / သူကိုယ်တိုင် Engineering လည်း လုပ် / Design လည်း ဝင်ပါ … စသဖြင့် ဘယ်နယ်ပယ်မဆို သူ စိတ်ထည့်လိုက်ပြီဆို ရအောင် လေ့လာနိုင် လုပ်နိုင်စွမ်းရှိတယ် ။
အာကာသသွားတဲ့ Rocket ဆောက်တာတောင်
သူကိုယ်တိုင် ဦးစီးနေတဲ့ သဘောရှိတယ် ။
( သက်ဆိုင်ရာ ပညာရှင်တွေတော့ ခန့်ထားတာပေါ့ ။ သူနဲ့ တွဲလုပ်နေတဲ့ သူတွေက
သက်ဆိုင်ရာ နယ်ပယ် အသီးသီးမှာ ဘွဲ့ရထားတဲ့ သူတွေများတယ် ။ ဒါပေမယ့် ပညာရှင်တွေကို စီမံနေရုံ ဆိုတဲ့ သူဌေးမျိုး မဟုတ်ဘူးဆိုတာကို ပြောချင်တာပါ )
၅။ ပညာရပ်တစ်ခုကို လေ့လာဖို့
၅-၁ စာဖတ်တာ
၅-၂ ကျွမ်းကျင်သူကို တကူးတက လူချင်းတွေ့ပြီး သေချာ စနစ်တကျ မေးတာ နဲ့တင်
သူ့ အတွက်က အတော် အလုပ်ဖြစ်တယ် ။
( ဒီနေရာ ထိရောက်လာခဲ့တယ် ။ သူ့ အပြောအရတော့ Rocket ဆောက်ဖို့တောင် အဲ့ ၂ ခုပဲ သူ အဓိက လုပ်ခဲ့တာပဲ ။ )
ဒါကြောင့် သူ့လို ဉာဏ်ရည်မျိုးနဲ့မို့ ” ဘွဲ့ရဖို့က အရေးမကြီးပါဘူး ” လို့ ပြောလို့ ရတာ …
ကိုယ်က ဂလည်အူကြောင် အဆင့်ပဲ ရှိသေးပြီး
သူ့ကို အားကျလို့ ကျောင်းထွက်မယ်ဆို ကိုယ့် ရဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ လေ့လာနိုင်မှုအား /
ဇွဲ … စတာတွေကို ပြန်ဆန်းစစ်ပါဦး ။
❗️❗️❗️
နောက်ဆုံး သူပြောတဲ့ အထဲမှာ ဒီက လိုရာကွက် ယူတဲ့ လူတွေ ကျန်ခဲ့လေ့ရှိတဲ့ စကားက ” ဘွဲ့ မရပေမယ့် သိပ်ကို ထူးချွန်ပြောင်မြောက်တဲ့ စွမ်းရည်ရှိရင် / လုပ်ရပ်တစ်ခုခုကို လုပ်ပြနိုင်ရင်
ဘွဲ့ရဖို့က အရေးမကြီးပါဘူး ” … ဆိုတာပဲ ။
” ဘွဲ့မရလည်း ရတယ် ” ဆိုတဲ့ အပိုင်းကိုပဲ ယူပြီး
👉” သိပ်ကို ထူးချွန်ပြောင်မြောက်တဲ့ စွမ်းရည် တစ်ခုခု ရှိရမယ် / လုပ်ရပ်တစ်ခုခုကို လုပ်ပြထားနိုင်ပြီး ဖြစ်ရမယ် ” 👈 ဆိုတာကို မယူရင် …
လူငယ်တွေ လမ်းလွဲကုန်မှာ စိုးလို့ ကျွန်တော် ဖတ်/မှတ်ထားသလောက် ပြန်ဖောက်သည်ချတာပါ ။
ကိုက်သော် / ကြိုက်သော် ယူပါဗျာ …
Credit Zin Zae Lwin